Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 10:28 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ကျန်​ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ဗိမာန်တော်​အစေခံ​များ​၊ ဘုရားသခင်​၏​ပညတ်တရား​အတွက် ထို​ပြည်သူပြည်သား​တို့​နှင့်​ကင်းရှင်း​စွာ​နေ​သော​သူ​အပေါင်း​နှင့် သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​၊ သိ​နားလည်​သော​သူ​အပေါင်း​တို့​သည်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28-29 ငါ​တို့​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​များ နှင့် ကွာ​လိုက်​ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဗိ​မာန် တော်​ဂီ​တ​ပ​ညာ​သည်​များ၊ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​မှ​စ​သော​ငါ​တို့​သည် မိ​မိ​တို့ ဇ​နီး​များ​နှင့်​အ​ရွယ်​ရောက်​သူ​သား​သ​မီး တို့​နှင့်​အ​တူ​တ​ကွ​မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ ဘု​ရား​ပေး​အပ်​တော်​မူ​သော​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်။ ငါ​တို့​၏​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့်​တော်​ရှိ​သ​မျှ ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​ပ​ညတ် တော်​များ​နှင့်​ပြ​ဋ္ဌာန်း​တော်​မူ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​လျှောက်​ပါ​မည်။ ဤ က​တိ​သစ္စာ​ကို​ချိုး​ဖောက်​သော်​ကျိန်​စာ သင့်​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

28 ကြွင်း​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ ဘု​ရား​ကျွန်​အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တ​ရား​ကို​စောင့်​အံ့​သော​ငှာ၊ ထို​ပြည်​သား​တို့​နှင့်​ကွာ​သော သူ​အ​ပေါင်း​တို့​သည် မ​ယား​သား​သ​မီး​တို့​နှင့်​တ​ကွ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော​သူ​ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 10:28
16 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​များ​၊ လူ​အချို့​နှင့် သီချင်းသည်​များ​၊ တံခါးစောင့်​များ​၊ ဗိမာန်တော်​အစေအပါး​တို့​သည် ကိုယ့်​မြို့​တို့​၌ ပြန်လည်​နေထိုင်​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ကိုယ့်​မြို့​ကိုယ့်​ရွာ​တို့​၌ ပြန်လည်​နေထိုင်​ကြ​သတည်း​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ ပြန်​ရောက်လာ​သော​အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကိုးကွယ်​ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသား​တို့​၏​ညစ်ညူး​ခြင်း​မှ ကင်းစင်​စေ​သော​သူ​အပေါင်း​တို့​သည် ထို​အသား​ကို စား​ကြ​၏​။


မလ္လုတ်​၊ ဟာရိမ်​နှင့် ဗာနာ တို့​လည်း​ပါဝင်​၏​။


ထို​ပညတ်ချက်​ကို ကြား​ကြ​သောအခါ အစ္စရေး​လူမျိုး​တို့​ထဲရှိ အမျိုး​မ​စစ်​သော​သူ​အားလုံး​ကို ဖယ်ထုတ်​ကြ​၏​။


ခုနစ်​လ​ပိုင်း ပထမ​နေ့​တွင် ယဇ်ပုရောဟိတ်​ဧဇရ​သည် နားထောင်​၍​နားလည်​သဘောပေါက်​နိုင်​သော ယောက်ျား​မိန်းမ​အပါအဝင် လူ​အပေါင်း​တို့​ရှိ​ရာ​သို့ ပညတ်တရားကျမ်း​ကို​ယူလာ​၍


အစ္စရေး​အမျိုးအနွယ်​တို့​သည် တိုင်းတစ်ပါးသား​တို့​နှင့် ခပ်ခွာခွာ​နေ​၍ ရပ်​လျက် မိမိ​တို့​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​များ​ကို ဝန်ချတောင်းပန်​ကြ​၏​။


အကြောင်းမူကား ဘုရားသခင်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ အလိမ္မာ​သီချင်း​ဖြင့် သီဆိုချီးမွမ်း​ကြ​လော့​။


ဘုရားသခင်​၏​ရှေ့​တော်​၌​နှုတ်မြွက်​ရန် သင်​၏​နှုတ်​ကို​မ​လော​စေ​နှင့်​။ သင်​၏​စိတ်​ကို​လည်း မ​မြန်​စေ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် ကောင်းကင်ဘုံ​၌​ရှိ​တော်မူ​ပြီး သင်​သည် မြေကြီး​ပေါ်၌​ရှိ​၏​။ ထို့ကြောင့် သင်​၏​စကား​ကို နည်း​စေ​လော့​။


‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု သစ္စာရှိ​စွာ​၊ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ သင်​ကျိန်ဆို​လျှင် လူမျိုး​တကာ​တို့​သည် ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည်​။ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် သင်​တို့​အား “​သင်​တို့​သည် သူ​တို့​၏​မြေ​ကို​ပိုင်ဆိုင်​ရ​လိမ့်မည်​။ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​တည်းဟူသော သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​အပိုင်​ပေး​မည်​”​ဟု မိန့်ဆို​ခဲ့​ပြီ​။ ငါ​သည် သင်​တို့​ကို အခြား​လူမျိုး​များ​နှင့် သီးခြားခွဲထား​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​အတွက် သီးသန့်​ရွေးချယ်​ထား​ခြင်း​ခံရ​၍ တမန်တော်​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ခရစ်တော်​ယေရှု​၏​အစေအပါး​ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ