Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 7:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 (ဖာရိရှဲ​တို့​မှစ၍ ဂျူး​လူမျိုး​အပေါင်း​တို့​သည် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ခံယူ​ကျင့်သုံး​၍ လက်​ကို ကျင့်ထုံး​အတိုင်း​မ​ဆေး​ဘဲ အစာ​စား​လေ့​မ​ရှိ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 (ဖာ​ရိ​ရှဲ​များ​နှင့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။ လက်​ကို​လက်​ကောက် ဝတ်​အ​ထိ ဦး​စွာ​မ​ဆေး​ကြော​ဘဲ​အ​စား​အ​စာ စား​လေ့​မ​ရှိ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 အ​ကြောင်း​မူ​ကား၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ဆံ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ယူ​သော ဖာ​ရိ​ရှဲ​မှ​စ၍ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် လက်​ဆုပ်​မ​ဆေး​ဘဲ အ​စာ​ကို စား​လေ့​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 7:3
10 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​ဆက်ခံ​သော​ဓလေ့​ထုံးတမ်း​အားဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။ ထိုကဲ့သို့သော​အမှုအရာ​များစွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​၏”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “သင်​၏​တပည့်​တို့​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​နှင့်အညီ​မ​လိုက်လျှောက်​ဘဲ မစင်ကြယ်​သော​လက်​ဖြင့် အစာ​စား​ကြ​သနည်း”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။


သို့သော် အစာ​မ​သုံးဆောင်​မီ ဦးစွာ​ဆေးကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာရိရှဲ​သည်​မြင်​၍ အံ့သြ​လေ​၏။


ထို​နေရာ​၌ ဂျူး​လူမျိုး​တို့​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ဂါလံ​နှစ်ဆယ်၊ သုံးဆယ်​ခန့်​စီ​ဆန့်​သော ကျောက်​ရေအိုး​ခြောက်​လုံး​ထား​လျက်​ရှိ​၏။


ငါ​သည် ဂျူး​ဘာသာ​တရား​၌ ငါ့​လူမျိုး​ထဲ​ရှိ​သက်တူရွယ်တူ​များ​ထက် သာလွန်​ပြီး ငါ့​ဘိုးဘေး​တို့​၏​ဓလေ့​ထုံးတမ်း​များ​နှင့်​ပတ်သက်၍ အလွန်​စိတ်အား​ထက်သန်​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​ကြားသိ​ထား​၏။


ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။


အကြောင်းမူကား သင်​တို့​သည် ဘိုးဘေး​များ​ထံမှ​ဆက်ခံ​သည့် သင်​တို့​၏​အချည်းနှီး​သော​အသက်ရှင်​နေထိုင်​မှု​ထဲမှ ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​သည်​မှာ ရွှေ၊ ငွေ စသော​ယိုယွင်း​ပျက်စီး​တတ်​သည့်​အရာ​များ​အားဖြင့်​မ​ဟုတ်​ဘဲ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ