Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 6:39 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

39 ထို့နောက် ကိုယ်တော်​သည် လူ​အပေါင်း​တို့​ကို စိမ်းလန်း​သော​မြက်​ခင်း​ပေါ်၌ အစုလိုက်​ထိုင်​စေရန် တပည့်​တော်​တို့​အား အမိန့်​ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

39 ကိုယ်​တော်​သည်​စိမ်း​လန်း​သော​မြက်​ခင်း​ပေါ်​တွင် လူ​အ​ပေါင်း​တို့​ကို​အ​စု​လိုက်​ထိုင်​ကြ​စေ​ရန် တ​ပည့်​တော်​တို့​အား​စေ​ခိုင်း​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

39 ထို​အ​ခါ လူ​အ​ပေါင်း​တို့​ကို မြက်​စိမ်း​ပေါ်​မှာ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 6:39
9 ပူးပေါင်းရင်းမြစ်များ  

စားသောက်ပွဲ​တည်ခင်းပုံ​၊ မင်းမှုထမ်း​တို့​၏​နေရာထိုင်ခင်း​၊ အမှုထမ်း​တို့​တာဝန်ထမ်းဆောင်ပုံ​နှင့် ဝတ်စားဆင်ယင်ပုံ​၊ ဖလားတော်ဝန်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​တွင် ပူဇော်​သော​မီးရှို့ရာယဇ်​များ စသည်​တို့​ကို မြင်​သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်​ရ​လေ​၏​။


ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက်


ကိုယ်တော်​က​လည်း“သင်​တို့​၌ မုန့်​မည်မျှ​ရှိ​သနည်း။ သွား​၍​ကြည့်​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း သိရှိ​ပြီးမှ “မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။


လူ​တို့​သည်​လည်း တစ်ရာ​စီ၊ ငါးဆယ်​စီ အစုလိုက်​ထိုင်​ကြ​၏။


(ထိုသို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါးထောင်​ခန့်မျှ​ရှိ​သောကြောင့်​ဖြစ်​၏။) ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“လူ​တို့​ကို ငါးဆယ်​ခန့်​စီ​စု​၍ ထိုင်စေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ယေရှု​က“လူ​တို့​ကို​ထိုင်စေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ (ထို​နေရာ​၌ မြက်​ပင်​ထူထပ်​လျက်​ရှိ​၏။) သို့ဖြစ်၍ အရေအတွက်​အားဖြင့် ငါးထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။


အကြောင်းမူကား ဘုရားသခင်​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့်ဆိုင်သော​ဘုရား​မ​ဟုတ်​ဘဲ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သော​ဘုရား​ဖြစ်​တော်မူ​၏။ သန့်ရှင်း​သူ​တို့​၏​အသင်းတော်​တိုင်း​၌ ပြုကျင့်​သကဲ့သို့


သို့သော် အရာ​အားလုံး​ကို တင့်တယ်​လျောက်ပတ်​စွာ အစီအစဉ်​တကျ​ပြု​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ