Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 5:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 တစ်ဖန် ကိုယ်တော်​က“သင့်​နာမည် မည်သို့​ခေါ်​သနည်း”​ဟု မေး​တော်မူ​ရာ ထို​သူ​က “အကျွန်ုပ်​၏​နာမည်​မှာ လေဂေါင်​ဖြစ်​ပါ​၏။ အကျွန်ုပ်​တို့​သည် များစွာ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ကိုယ်​တော်​က ``သင်​၏​နာ​မည်​ကား​အ​ဘယ်​နည်း'' ဟု​မေး​၏။ ထို​သူ​က ``အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​သော​ကြောင့် အ​ကျွန်ုပ်​တို့​ကို​လေ​ဂေါင်​ဟု ခေါ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး​နောက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ကိုယ်​တော်​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည် ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​အ​မည်​ကား၊ လေ​ဂေါင်​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် အ​များ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 5:9
7 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို မိမိ​နှင့်အတူ​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ ဆိုးညစ်​သော​ဤ​မျိုးဆက်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ယခု​ပင် တစ်ဆယ့်နှစ်​တပ်ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။


ထို့နောက် မိမိ​တို့​ကို ထို​အရပ်​ဒေသ​မှ​နှင်ထုတ်​တော်​မ​မူ​ရန် ကိုယ်တော်​အား အနူးအညွတ်​တောင်းပန်​လေ​၏။


ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ လေဂေါင်​စွဲ​ခဲ့​သည့် နတ်ဆိုး​ပူး​သူ​သည် အဝတ်​ဝတ်​ထား​ကာ ပကတိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။


ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ထို​သူ​အား“ညစ်ညူး​သော​နတ်၊ ဤ​လူ​ထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။


ယေရှု​က​လည်း ထို​သူ​အား“သင့်​နာမည် မည်သို့​ခေါ်​သနည်း”​ဟု မေး​တော်မူ​ရာ သူ့​အထဲ၌ နတ်ဆိုး​များစွာ​ဝင်ပူး​နေ​သောကြောင့် ထို​သူ​က “လေဂေါင်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ