Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 5:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 သူ​သည် သင်္ချိုင်း​၌​လည်းကောင်း၊ တောင်​ပေါ်၌​လည်းကောင်း နေ့​ည​မပြတ်​အော်ဟစ်​လျက် ကျောက်တုံး​များ​ဖြင့် မိမိကိုယ်ကို​အနာတရ​ဖြစ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​လည်း​ကောင်း၊ တောင်​ကုန်း​များ​အ​ထက်​တွင်​လည်း​ကောင်း​နေ့​ည မ​ပြတ်​ဟစ်​အော်​လျက် မိ​မိ​ကိုယ်​ကို​ကျောက်​စောင်း များ​ဖြင့်​အ​နာ​တ​ရ​ဖြစ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 နေ့​ည​မ​ပြတ် သင်္ချိုင်း​တ​စ​ပြင်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဟစ်​ကြော်​လျက်၊ ကျောက်​ဇောင်း​နှင့် ကိုယ်​ကို​ရှ​စေ​လျက် နေ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 5:5
5 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သူ​တို့​သည် အသံ​ကျယ်လောင်​စွာ​အော်ခေါ်​သည်​သာမက သူ​တို့​ဓလေ့​အတိုင်း ကိုယ်​ကို​ဓား​လှံ​တို့​ဖြင့်​ထိုးမွှမ်း​သဖြင့် သူ​တို့​ကိုယ်​ပေါ်တွင် သွေးသံရဲရဲ​ဖြစ်​လေ​၏​။


အဘယ်ကြောင့်​ဆိုသော် သူ့​ကို ခြေချင်း​နှင့်​သံကြိုး​တို့​ဖြင့် အကြိမ်ကြိမ်​ချည်နှောင်​ခဲ့​ကြ​သော်လည်း သူ​သည် သံကြိုး​များ​ကို​ဆွဲဖြတ်​ကာ ခြေချင်း​များ​ကို အပိုင်းပိုင်း​ကျိုးပဲ့​စေ​သောကြောင့် မည်သူမျှ သူ့​ကို မ​ထိန်းချုပ်​နိုင်​ကြ​ချေ။


သူ​သည် ယေရှု​ကို​အဝေး​မှ​မြင်​လျှင် ပြေး​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​ကာ


သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ