Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 5:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ထို့နောက် ယေရှု​သည် လှေ​ဖြင့် တစ်ဖက်ကမ်း​သို့ ပြန်​၍​ကူး​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင်​ရှိ​နေ​တော်မူ​စဉ်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 သ​ခင်​ယေ​ရှု​သည်​အိုင်​တစ်​ဖက်​သို့​လှေ​ဖြင့်​တစ်​ဖန် ကူး​တော်​မူ​ပြန်​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိုင် ကမ်း​ခြေ​တွင်​ရှိ​နေ​တော်​မူ​စဉ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 ယေ​ရှု​သည် ကမ်း​တစ်​ဖက်​သို့​ကူး​ပြန်၍ အိုင်​နား​မှာ ရှိ​တော်​မူ​စဉ်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 5:21
5 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်​တက်​၍ ပင်လယ်​ကို​ကူး​ပြီးလျှင် မိမိ​နေရပ်​မြို့​သို့​ကြွ​တော်မူ​၏။


တစ်ဖန် ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင် သွန်သင်​တော်မူ​ရာ အလွန်​များပြား​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပင်လယ်​ကမ်းစပ်​ရှိ​လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ပင်လယ်​ကမ်း​ပေါ်တွင်​ရှိ​နေ​ကြ​၏။


ထို့ကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ချန်ထား​ခဲ့​၍ လှေ​ပေါ်၌​ရှိ​နေ​သော​ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​၏။ အခြား​သော​လှေ​များ​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ကြ​၏။


ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​တော်မူ​သည့်​ခဏချင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သည့် လူ​တစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။


ယေရှု​ပြန်ကြွ​လာ​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​စောင့်မျှော်​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ