Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 5:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သို့သော် ကိုယ်တော်​သည် ခွင့်ပြု​တော်​မ​မူ​ဘဲ“သင့်​အိမ်၊ သင့်​မိသားစု​ထံသို့​သွား​၍ သင့်​အပေါ် ထာဝရ​ဘုရား​ပြု​တော်မူ​သမျှ​သော​အရာ​နှင့် သင့်​ကို​သနား​တော်မူ​ကြောင်း​ကို သူ​တို့​အား​ပြောပြ​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ကိုယ်​တော်​ကား​ခွင့်​ပြု​တော်​မ​မူ။ ``သင်​၏​အိမ်​သို့ သွား​လော့။ ဘု​ရား​သ​ခင်​သည်​သင့်​အား​မည်​မျှ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​နှင့် မည်​သို့​သ​နား တော်​မူ​ကြောင်း​ကို​ဆွေ​မျိုး​သား​ချင်း​တို့​အား ပြော​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 ကိုယ်​တော်​သည် အ​ခွင့်​မ​ပေး။ သင်​သည် ကိုယ်​အိမ်​သို့​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​စိတ်​တော်​နှင့် သင်၌ အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို သင်၏​အ​ဆွေ​အ​မျိုး​တို့​အား ပြန်​ကြား​လော့​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 5:19
12 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် နေမန်​သည် မိမိ​အရှင်​ထံသို့​သွား​၍ “​အစ္စရေး​ပြည်​မှ​ခေါ်လာ​သော​မိန်းမငယ်လေး​က ဤသို့​ဤနှယ်​ဆို​ပါ​သည်​”​ဟု လျှောက်တင်​လျှင်


ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​အပေါင်း​တို့​၊ လာ​၍​နားထောင်​ကြ​လော့​။ ငါ​၏​စိတ်ဝိညာဉ်​အတွက် ကိုယ်တော်​ပြု​တော်မူ​သော​အရာ​ကို ငါ​ပြောပြ​မည်​။


ယခု​တွင် ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်ဘုံ​ရှင်ဘုရင်​ကို ချီးမွမ်း​ထောမနာပြု​ပါ​၏​၊ ချီးမြှောက်​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် သစ္စာ​တော်​နှင့်​ပြည့်စုံ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် တရားမျှတ​တော်မူ​၏​။ ကိုယ်တော်​သည် မာနထောင်လွှား​သော​သူ​တို့​ကို နှိမ့်ချ​နိုင်စွမ်း​ရှိ​တော်မူ​ပါ​၏​။


ထိုအခါ သူ​သည်​ထွက်သွား​၍ မိမိ​အပေါ်​ယေရှု​ပြု​တော်မူ​သမျှ​တို့​ကို ဒေကာပေါလိ​နယ်​၌​ပြောကြား​သဖြင့် လူ​အပေါင်း​တို့​သည်​အံ့သြ​ကြ​၏။


“သင့်​အိမ်​သို့​ပြန်​၍ သင့်​အပေါ် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​လော့”​ဟု မိန့်​တော်မူ​ပြီး သူ့​ကို​ပြန်သွား​စေ​၏။ ထိုအခါ သူ​သည်​ထွက်သွား​၍ မိမိ​အပေါ် ယေရှု​ပြု​တော်မူ​သမျှ​တို့​ကို တစ်မြို့လုံး​အနှံ့​ပြောကြား​လေ​၏။


“ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ