ရှင်မာကုခရစ်ဝင် 4:19 - မြန်မာ့စံမီသမ္မာကျမ်19 လောကီရေးရာ၌ စိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်၏လှည့်ဖြားခြင်းနှင့် အခြားသောတပ်မက်ခြင်းများဝင်လာ၍ တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူတို့ကိုဆိုလို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 သို့သော်ဘဝရပ်တည်မှုအတွက်စိုးရိမ်ကြောင့် ကြစရာများ၊ စည်းစိမ်ချမ်းသာခံစားလိုမှုများ နှင့်အခြားလိုအင်ဆန္ဒများပေါ်ပေါက်လာပြီးလျှင် ထိုတရားတော်ကိုလွှမ်းမိုးသဖြင့်တရားတော် မျိုးစေ့သည်မည်သို့မျှမသီးမပွင့်နိုင်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- အခန်းကိုကြည့်ပါ။ |
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊