Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 3:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 မိုးကြိုး​၏​သား​များ​ဟူ၍​အဓိပ္ပာယ်​ရ​သည့် ဗောနေရဂက်​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ဇေဗေဒဲ​၏​သား​ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 (မိုး​ကြိုး​၏​သား​များ​ဟု​အ​နက်​ရှိ​သော​ဗော​နေ ရ​ဂက်​ဟူ​သော​နာ​မည်​ဖြင့် ကိုယ်​တော်​မှည့်​ခေါ်​သူ များ​ဖြစ်​သည့်​) ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့်​ယော​ဟန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 မိုး​ကြိုး​သား​ဟု ဆို​လို​သော ဗော​နေ​ရ​ဂက် အ​မည်​သစ်​ကို ပေး​တော်​မူ​သော ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့် ယော​ဟန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 3:17
16 ပူးပေါင်းရင်းမြစ်များ  

ကျယ်လောင်​စွာ​ဟစ်ကြော်​လော့​။ ထိန်းချုပ်​မ​ထား​နှင့်​။ တံပိုးမှုတ်သံ​ကဲ့သို့ သင်​၏​အသံ​ကို​လွှင့်​၍ ငါ့​လူမျိုး​တော်​တို့​အား သူ​တို့​ကျူးလွန်​သော​အပြစ်​ကို​လည်းကောင်း​၊ ယာကုပ်​အမျိုးအနွယ်​အား သူ​တို့​၏​အပြစ်​များ​ကို​လည်းကောင်း ဖော်ပြ​လော့​။


“​ငါ့​နှုတ်ထွက်စကား​သည် မီး​ကဲ့သို့​လည်းကောင်း​၊ ကျောက်​ကို​ထုခွဲ​သော​တူ​ကဲ့သို့​လည်းကောင်း ဖြစ်​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


တစ်ဖန် ထို​နေရာ​မှ ဆက်၍​ကြွ​တော်မူ​ရာ အခြား​ညီအစ်ကို​နှစ်​ဦး​ဖြစ်​သော ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ့​ညီ​ယောဟန်​တို့​သည် သူ​တို့​၏​ဖခင်​ဇေဗေဒဲ​နှင့်အတူ လှေ​ထဲ၌ မိမိ​တို့​၏​ပိုက်ကွန်​များ​ဖာထေး​နေ​ကြ​သည်​ကို​မြင်​၍ သူ​တို့​ကို​ခေါ်​တော်မူ​၏။


ထိုအခါ ဇေဗေဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာကုပ်​နှင့်​ယောဟန်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​တောင်း​သမျှ​တို့​ကို အကျွန်ုပ်​တို့​အတွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်တော်​အား​လျှောက်​ထား​ကြ​၏။


ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့်


ခန့်ထား​တော်မူ​သော​တစ်ဆယ့်နှစ်​ပါး​မှာ ပေတရု​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ရှိမုန်၊


အနြေ္ဒ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏​သား​ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့်


ကိုယ်တော်​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်​တို့​မှတစ်ပါး မည်သူ့​ကို​မျှ မိမိ​နှင့်အတူ​လိုက်​ခွင့်ပြု​တော်​မ​မူ။


ခြောက်​ရက်​လွန်​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို​သာ​ခေါ်​၍ သူ​တို့​ကို မြင့်မား​သော​တောင်​ပေါ်သို့ သီးသန့်​ခေါ်ဆောင်​သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍


တပည့်​တော်​ယာကုပ်​နှင့်​ယောဟန်​တို့​သည် ထို​အဖြစ်​ကို​မြင်​လျှင် “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မိုး​ကောင်းကင်​မှ မီး​ကျ​လာ​စေ​၍ သူ​တို့​ကို​လောင်ကျွမ်း​စေရန် ကိုယ်တော်​အလိုရှိ​ပါ​သလော”​ဟု မေးလျှောက်​ကြ​၏။


ရှိမုန်​ပေတရု​နှင့် ဒိဒုမု​ဟု​ခေါ်​သည့်​သောမ၊ ဂါလိလဲ​နယ် ကာန​မြို့သား နာသနေလ၊ ဇေဗေဒဲ​၏​သား​တို့​နှင့် အခြား​တပည့်​တော်​နှစ်​ပါး​တို့​သည် အတူ​ရှိ​နေ​ကြ​စဉ်


ထို​ကာလ​၌ ဟေရုဒ်​မင်း​သည် အသင်းတော်​မှ လူ​အချို့​တို့​ကို မတရား​နှိပ်စက်​ရန် ဖမ်းဆီး​၍


ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထက်မြက်​ကာ အသွား​နှစ်​ဖက်​ပါ​သည့် ဓား​ရှိသမျှ​တို့​ထက် သာ၍​ထက်​သဖြင့် အသက်​နှင့်​ဝိညာဉ်​တို့​အထိ​လည်းကောင်း၊ အဆစ်အမြစ်​နှင့်​ခြင်ဆီ​တို့​အထိ​လည်းကောင်း ထိုးဖောက်​ပိုင်းခြား​တတ်​၏။ စိတ်နှလုံး​၏​စဉ်းစား​ဆင်ခြင်​မှု​နှင့်​သဘောထား​တို့​ကို​လည်း ထိုးထွင်း​သိမြင်​နိုင်​၏။


ထိုအခါ “သင်​သည် များစွာ​သော​လူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာ​စကား၊ ရှင်ဘုရင်​များ​နှင့်​ပတ်သက်၍ ထပ်မံ ပရောဖက်ပြု​ဟောပြော​ရ​မည်”​ဟူ​သော​အမိန့်​ကို ငါ​ခံရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ