Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 2:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို ကိုယ်တော်​ထံ​ခေါ်ဆောင်​သွား​၍​မ​ရ​နိုင်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရှိ​သည့်​နေရာ​အထက်​မှ ခေါင်မိုး​ကို​ခွာ​၍ အပေါက်​ဖောက်​ကာ လေဖြတ်​သော​သူ​လဲလျောင်း​နေ​သည့်​အိပ်ရာ​ကို လျှောချ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​နိုင်​ကြ။ ထို့​ကြောင့်​ကိုယ်​တော် ရှိ​သည့်​နေ​ရာ​အ​ထက်​မှ​ခေါင်​မိုး​ကို​ဖောက်​ထွင်း​၍ လူ​မ​မာ​လဲ​လျောင်း​နေ​သော​ထမ်း​စင်​ကို​လျော​ချ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​သ​ဖြင့်၊ ကိုယ်​တော်​ရှိ​ရာ​အ​ပေါ်​မှာ အ​မိုး​ကို ဖောက်​ထွင်း​ပြီး​မှ လူ​နာ​နှင့်​တ​ကွ အိပ်​ရာ​ခု​တင်​ကို လျှော့​ချ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 2:4
3 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


သို့ရာတွင် လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သဖြင့် လေသာဆောင်​အပေါ်သို့​တက်​ကာ အုတ်ကြွပ်​ကို​ခွာ​၍ လူနာ​ကို ပရိသတ်​အလယ် ယေရှု​၏​ရှေ့​တော်​သို့ အိပ်ရာ​နှင့်တကွ​လျှောချ​ကြ​၏။


တစ်စုံတစ်ယောက်​သည် သင့်​အိမ်​ပေါ်မှ​ပြုတ်ကျ​၍ သင့်​အိမ်​၌​လူသတ်​သော​အပြစ် မ​ကျရောက်​စေရန် သင်​သည် အိမ်​အသစ်​ဆောက်​သောအခါ သင်​၏​ခေါင်မိုးပြင်​၌ အကာအရံ​လုပ်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ