Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 2:26 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 သူ​သည် ယဇ်ပုရောဟိတ်​မင်း​အဗျာသာ​လက်ထက်​တွင် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး မည်သူမျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​စား​ပြီးလျှင် သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဗျာ​သာ​လက်​ထက်​တွင် ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သို့ ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး​မည်​သူ​မျှ မ​စား​ထိုက်​သော​ရှေ့​တော်​မုန့်​ကို​စား​၍ မိ​မိ အ​ပေါင်း​အ​ဖော်​များ​အား​လည်း​ထို​မုန့်​ကို ပေး​ဖူး​သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

26 ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား၍ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 2:26
18 ပူးပေါင်းရင်းမြစ်များ  

ဇာဒုတ်​နှင့် ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အမျိုးသား​အပေါင်း​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏​။ သူ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ချထား​ကြ​၏​။ အဗျာသာ​သည်​လည်း လူ​အပေါင်း​တို့ မြို့​ထဲမှ​ထွက်ခွာ​သွား​ပြီး​ချိန်​ထိ ယဇ်ပူဇော်​လျက်​နေ​၏​။


ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ယူဆောင်​လာ​ပြီး ထို​မြို့​တွင် နေထိုင်​ကြ​၏​။


ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ထို​မြို့​၌ သင်​နှင့်အတူ​ရှိ​သည်​မ​ဟုတ်​လော​။ နန်းတွင်း​မှ တစ်စုံတစ်ရာ​ကို​ကြားသိ​လျှင် ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​ကို သင်​ပြောပြ​ရ​မည်​။


ရှေဝ​ကား စာရေးတော်ကြီး​၊ ဇာဒုတ်​နှင့်​အဗျာသာ​ကား ယဇ်ပုရောဟိတ်​၊


အဟိတုပ်​၏​သား ဇာဒုတ်​နှင့် အဗျာသာ​၏​သား အဟိမလက်​တို့​ကား ယဇ်ပုရောဟိတ်​များ​၊ စရာယ​ကား စာရေးတော်ကြီး​၊


သူ​သည် ဇေရုယာ​၏​သား​ယွာဘ​၊ ယဇ်ပုရောဟိတ်​အဗျာသာ​တို့​နှင့် တိုင်ပင်ဆွေးနွေး​ရာ သူ​တို့​က အဒေါနိယ​ကို အားပေးမြှောက်ပင့်​ကြ​၏​။


ရှောလမုန်​မင်းကြီး​က မယ်တော်​အား “​မယ်တော်​၊ အဘယ်ကြောင့် အဒေါနိယ​အဖို့ ရှုနင်​မြို့သူ​အဘိရှက်​ကို​သာ တောင်းပေး​ရ​သနည်း​။ သူ​သည် အကျွန်ုပ်​ထက်​အကြီး​၊ အကျွန်ုပ်​၏​နောင်တော်​ဖြစ်​သည်​ဖြစ်​၍ သူ့​အဖို့ နိုင်ငံ​တော်​ကို​ပါ တောင်းပေး​ပါ​လော့​။ သူ့​အဖို့​သာမက ယဇ်ပုရောဟိတ်​အဗျာသာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့​အတွက်​ပါ တောင်းပေး​ပါ​တော့​လား​”​ဟု မိန့်ဆို​လေ​၏​။


ယောယဒ​၏​သား​ဗေနာယ​သည် ဗိုလ်ချုပ်​၊ ဇာဒုတ်​နှင့်​အဗျာသာ​တို့​သည် ယဇ်ပုရောဟိတ်​၊


လေဝိ​အမျိုး နာသနေလ​၏​သား​စာရေးတော်​ရှေမာယ​သည် သူ​တို့​ကို ရှင်ဘုရင်​၊ မှူးမတ်​၊ ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ အဗျာသာ​၏​သား​အဟိမလက်​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ရှေ့မှောက်​တွင် စာရင်းသွင်း​ရေးမှတ်​၏​။ ဧလာဇာ​၏​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ လူ​တစ်​ဦး​၊ ဣသမာ​၏​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ လူ​တစ်ဦး​ကို ရွေးကောက်​ပြီးလျှင်


သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး သူ​ကိုယ်တိုင်​ရော သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။


ကိုယ်တော်​က​လည်း“ဒါဝိဒ်​သည် သူ​၌​စားစရာ​မ​ရှိ​သဖြင့် သူ​မှစ၍​သူ​နှင့်အတူ​ရှိ​သော​သူ​တို့​သည် ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို မ​ဖတ်​ဖူး​ကြ​သလော။


ဒါဝိဒ်​သည် နောဗ​မြို့​ရှိ ယဇ်ပုရောဟိတ်​အဟိမလက်​ထံသို့ ရောက်လာ​၏​။ အဟိမလက်​သည် ဒါဝိဒ်​ကို မြင်​လျှင် ထိတ်လန့်​သွား​၍ “​အဘယ်ကြောင့် သင် တစ်ဦးတည်း​လာ​ရ​သနည်း​။ သင်​နှင့်အတူ မည်သူ​မျှ​မ​ပါ​သလော​”​ဟု မေး​ရာ


အဟိမလက်​၏​သား အဗျာသာ​သည် ကိလ​မြို့​ရှိ ဒါဝိဒ်​ထံသို့ ပြေးလာ​စဉ်က မိမိ​နှင့်အတူ ဧဖုဒ်​ကို ယူဆောင်​လာ​ခဲ့​၏​။


ရှောလု​မင်းကြီး မကောင်း​ကြံစည်​နေ​သည်​ကို ဒါဝိဒ်​သိ​လျှင် ယဇ်ပုရောဟိတ်​အဗျာသာ​အား “​ဧဖုဒ်​ကို ယူ​ခဲ့​ပါ​”​ဟု မှာလိုက်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ