Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 16:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထို့နောက် သူ​တို့​ထဲမှ​နှစ်​ဦး​သည် တောရွာ​သို့​လမ်းလျှောက်​၍ ခရီး​သွား​ကြ​စဉ် ကိုယ်တော်​သည် ခြားနား​သော​အသွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ထို​နောက် တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် တော​ရွာ​သို့​သွား​စဉ်​တွင် ကိုယ်​တော်​သည် ခြား​နား​သော အ​ရောင်​ကို​ဆောင်​လျက် ကိုယ်​ကို​ပြ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 16:12
6 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ကိုယ်တော်​သည် စားပွဲ​၌​ထိုင်​နေ​သော​တပည့်​တော်​တစ်ဆယ့်တစ်​ပါး​တို့​အား ကိုယ်​ထင်ရှား​ပြ​တော်မူ​၍ ထမြောက်​တော်မူ​သော​ကိုယ်တော်​အား တွေ့မြင်​သော​သူ​တို့​၏​စကား​ကို သူ​တို့​မ​ယုံ​ကြ​သောကြောင့် သူ​တို့​၏​မ​ယုံကြည်​မှု​နှင့် စိတ်နှလုံး​မာကျော​မှု​တို့​ကို ပြစ်တင်​ဆုံးမ​တော်မူ​၏။


ကိုယ်တော်​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် မျက်နှာ​တော်​၏​အဆင်း​သဏ္ဌာန်​သည် ထူးခြား​လာ​၍ အဝတ်​တော်​သည် ဖြူဖွေး​တောက်ပ​လာ​၏။


ထို့နောက် ယေရှု​သည် တိဗေရိ​ပင်လယ်​နား​တွင် တပည့်​တော်​တို့​အား နောက်တစ်ဖန် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထင်ရှား​ပြ​တော်မူ​ပုံ​ကား ဤသို့​ဖြစ်​၏။


ဤသည်ကား ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီးနောက် တပည့်​တော်​တို့​အား တတိယ​အကြိမ် ကိုယ်​ထင်ရှား​ပြ​တော်မူ​ခြင်း​ဖြစ်​၏။


ကိုယ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​ပြီးနောက် မိမိ​အသက်ရှင်​လျက်​ရှိ​ကြောင်း ထို​တမန်တော်​တို့​အား အထောက်အထား​များစွာ​တို့​ဖြင့်​ပြသ​ကာ ရက်​ပေါင်း​လေးဆယ်​အတွင်း သူ​တို့​ထံ​ထင်ရှား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ