Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 15:28 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 [ဤသို့ဖြင့် “သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင်​ထည့်သွင်း​ခြင်း​ခံရ​၏”​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ]

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 (ဤ​သို့​လျှင် ``ရာ​ဇ​ဝတ်​မှု​ကူး​လွန်​သူ​များ​စာ ရင်း​တွင်​ကိုယ်​တော်​ပါ​ဝင်​၏'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​၍​လာ​တော့​၏။)-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

28 ထို​သို့ မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်​သည်​ဟု​ဆို​သော ကျမ်း​စာ​ချက်​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 15:28
5 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အသက်​စွန့်​၍ အသေခံ​ခဲ့​၏​။ အပြစ်ကျူးလွန်​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏​။ သူ​သည် လူ​များစွာ​တို့​၏​အပြစ်​ကို​ထမ်းသွား​၍ အပြစ်ကျူးလွန်​သော​သူ​တို့​အတွက် ကြားဝင်စေ့စပ်​ပေး​၏​။ ထို့ကြောင့် ငါ​သည် သူ့​အား ကြီးမြတ်​သော​သူ​တို့​နှင့်အတူ ဝေစု​တစ်​စု​ခွဲဝေ​ပေး​မည်​။ သူ​သည် အားကြီး​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​မည်​။


ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။


ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက် “ဟေ့၊ ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊


သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏’ဟု ရေး​ထား​သော​အရာ​သည် ငါ​၌​ပြည့်စုံ​ရ​မည်။ အမှန်စင်စစ် ငါ​နှင့်​ပတ်သက်​သော​အရာ​သည် ဆုံးခန်း​သို့​ရောက်​နေ​ပြီ”​ဟု မိန့်​တော်မူ​၏။


ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ