Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 15:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ထိုသို့ ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီးနောက် ခရမ်းရောင်​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို​ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ရန် ခေါ်ထုတ်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ နီ​မောင်း​သော​အ​ဝတ်​ကို ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 15:20
4 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​ပြီးနောက် နီမြန်း​သော​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။


ထို့ပြင် ကိုယ်တော်​၏​ဦးခေါင်း​ကို ကျူရိုး​ဖြင့်​ရိုက်​ကာ ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​၍ ဒူး​ထောက်​လျက် ကိုယ်တော်​ကို​ရှိခိုး​ကြ​၏။


ထိုစဉ် အလက်ဇန္ဒြား​နှင့်​ရုဖု​တို့​၏​ဖခင်​ဖြစ်​သည့် ကုရေနေ​မြို့သား​ရှိမုန်​သည် တောရွာ​မှ​လာ​၍ လမ်း​၌​ဖြတ်သွား​သည်​ကို သူ​တို့​တွေ့​သဖြင့် ကိုယ်တော်​၏​လက်ဝါးကပ်တိုင်​ကို သူ့​အား အတင်းအကျပ်​ထမ်း​စေ​ကြ​၏။


ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​စေရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ