Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 15:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 နံနက်​စောစော​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​မှစ၍ တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​နှင့်အတူ ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​ပြီးလျှင် ယေရှု​ကို​ချည်နှောင်​လျက်​ခေါ်ဆောင်​သွား​ကာ ပိလတ်​မင်း​ထံ​အပ်နှံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ကျမ်း​တတ်​ဆ​ရာ​များ၊ ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း တို့​နှင့် အ​လျင်​အ​မြန်​တွေ့​ဆုံ​၍​တိုင်​ပင်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​ကို​ချည်​နှောင်​ကာ ပိ​လတ် မင်း​ထံ​သို့​ခေါ်​ဆောင်​၍​အပ်​လိုက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 နံ​နက်​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​ဆိုင်း​မ​လင့်​ဘဲ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ခြင်း​ကို​ပြု၍၊ ယေ​ရှု​ကို​ချည်​နှောင်​ပြီး​လျှင်၊ ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 15:1
12 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက်


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။


မိုးလင်း​သောအခါ လူထု​ထဲမှ လူကြီး​အဖွဲ့ဝင်​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် စုဝေး​ကြ​၍ ကိုယ်တော်​ကို မိမိ​တို့​၏​တရား​လွှတ်တော်​ထံသို့ ခေါ်ဆောင်​သွား​ပြီးလျှင်


အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား၊ ငါ​တို့​ဘိုးဘေး​များ​၏​ဘုရား​သည် မိမိ​အမှုဆောင်​ယေရှု​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရှင်​ကို ဖမ်းဆီး​အပ်နှံ​၍ သူ့​ကို​လွှတ်​ပေး​မည်​ဟု​ဆုံးဖြတ်​ထား​သော​ပိလတ်​မင်း​ရှေ့၌ ငြင်းပယ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ