Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 14:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ကိုယ်တော်​က​လည်း တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍“မြို့​ထဲသို့​သွား​ကြ​လော့။ ထိုအခါ ရေ​အိုး​ထမ်း​သော​သူ​တစ်​ဦး​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ကိုယ်​တော်​က​တ​ပည့်​တော်​နှစ်​ယောက်​အား ``သင်​တို့ သည်​မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ထမ်း​လာ​သူ​လူ တစ်​ယောက်​သည် သင်​တို့​ကို​ကြို​ဆို​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ကိုယ်​တော်​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊ သင်​တို့​သည် မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ဆောင်​သော​သူ​ကို တွေ့​လိမ့်​မည်။ ထို​သူ​နောက်​သို့ လိုက်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 14:13
11 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ယောက်​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ယောက်​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ယောက်​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​လေ​၏။


တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​တွင် တပည့်​တော်​တို့​က “ပသခါ​ပွဲတော်​ညစာ​ကို​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​သို့​သွား​၍ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။


သူ​ဝင်​သွား​သော​အိမ်​၏​အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို​စား​မည့် ငါ့​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု မေး​လိုက်​ပါ​၏’​ဟူ၍ ပြော​ကြ​လော့။


သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။


မယ်တော်​သည် အစေခံ​တို့​အား “သူ​စေခိုင်း​သမျှ​တို့​ကို ဆောင်ရွက်​ကြ​ပါ”​ဟု ဆို​၏။


ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ကိုယ်တော်​၏​ရှေ့မှောက်​၌ မ​ထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​၌ အကွယ်အကာမဲ့​လျက် ဟင်းလင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။


စုံလင်​ခြင်း​သို့​ရောက်​ပြီးလျှင် မိမိ​ကို​နာခံ​သော​သူ​အပေါင်း​တို့​အား ထာဝရ​ကယ်တင်​ခြင်း​ကို​ပေး​သော​အရှင်​ဖြစ်လာ​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ