Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 12:35 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

35 တစ်ဖန် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ်“ခရစ်တော်​သည် ဒါဝိဒ်​၏​သား​ဖြစ်​သည်​ဟု ကျမ်းပြု​ဆရာ​တို့​က မည်သို့​ပြောဆို​နိုင်​ကြ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

35 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ် ကြောင့်​ကျမ်း​တတ်​ဆ​ရာ​တို့​ဆို​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

35 ထို​အ​ခါ​ယေ​ရှု​သည် ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ခ​ရစ်​တော်​သည် ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 12:35
12 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။


ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။


ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထ​၍ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့ တစ်ဖန်​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည်​လည်း ပြုလေ့​ရှိ​သည့်​အတိုင်း သူ​တို့​ကို​သွန်သင်​တော်မူ​၏။


ထို့နောက် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​ရောက်​ကြ​၏။ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲ၌ ကြွ​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့​လာ​၍


ငါ​သည် နေ့တိုင်း သင်​တို့​နှင့်အတူ​ရှိ​လျက် ဗိမာန်​တော်​၌​သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည် ဗိမာန်​တော်​၌ နေ့စဉ်​နေ့တိုင်း သွန်သင်​လျက်​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် လူထု​ခေါင်းဆောင်​များ​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သော်လည်း


တစ်​နေ့​သ၌ ကိုယ်တော်​သည် ဗိမာန်​တော်​တွင် လူ​တို့​အား​သွန်သင်​လျက် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် ရောက်လာ​၍


ကိုယ်တော်​သည် နေ့​အခါ​များ​၌ ဗိမာန်​တော်​တွင် သွန်သင်​တော်မူ​ပြီး ည​အခါ​များ​၌​မူ အပြင်​သို့​ထွက်သွား​၍ သံလွင်​အမည်​ရှိ​သော​တောင်​ပေါ်၌ ည​ကို​ကုန်လွန်​စေ​တော်မူ​၏။


ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်းနှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။


ခရစ်တော်​သည် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​လည်းကောင်း၊ ဒါဝိဒ်​နေ​ခဲ့​ရာ​ဗက်လင်​ရွာ​မှ​လည်းကောင်း ပေါ်ထွန်း​မည်​ဟူ၍ ကျမ်းစာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ