Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 12:34 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

34 ထို​သူ​သည် ပညာ​ရှိ​စွာ​ဖြေကြား​သည်​ကို ယေရှု​မြင်​တော်မူ​လျှင်“သင်​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​မ​ဝေး”​ဟု သူ့​အား မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ မည်သူမျှ ကိုယ်တော်​အား မေးခွန်း​များ​မ​မေး​ဝံ့​တော့ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

34 ထို​သူ​သည်​ဤ​သို့​အ​သိ​ပ​ညာ​နှင့်​လျှောက်​ထား သည့်​အ​တွက် သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး​တော့​ပြီ'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​မည်​သူ​မျှ​ကိုယ်​တော်​အား​ထပ်​မံ​၍ မ​မေး​မ​လျှောက်​ဝံ့​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

34 ထို​သို့ ပ​ညာ​သ​တိ​နှင့် ပြန်​လျှောက်​သည်​ကို ယေ​ရှု​သည်​သိ​မြင်​လျှင်၊ သင်​သည်​ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​မ​ဝေး​ဟု မိန့်​တော်​မူ၏။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 12:34
10 ပူးပေါင်းရင်းမြစ်များ  

ယေရှု​သည် ဤ​အကြောင်း​ကို​သိ​၍ ထို​အရပ်​မှ ထွက်ခွာ​သွား​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သဖြင့် သူ​တို့​အားလုံး​ကို ကျန်းမာ​စေ​တော်မူ​ပြီးလျှင်


တရားမျှတ​မှု​ကို အောင်မြင်​ခြင်း​သို့​ပို့ဆောင်​သည်​အထိ သူ​သည် ကြေ​နေ​သော​ကျူပင်​ကို​ချိုး​မည်​မ​ဟုတ်။ တငွေ့ငွေ့​လောင်​နေ​သော​မီးစာ​ကို​လည်း ငြှိမ်းသတ်​မည်​မ​ဟုတ်။


ထိုအခါ ကိုယ်တော်​ကို စကား​တစ်​ခွန်း​ပြန်​လျှောက်​ရန်​ပင် မည်သူမျှ မ​တတ်နိုင်​ကြ။ ထို​နေ့​မှစ၍ မည်သူမျှ ကိုယ်တော်​အား မေးခွန်း​များ​မ​မေး​ဝံ့​တော့ချေ။


ထို​အချိန်​မှစ၍ သူ​တို့​သည် ကိုယ်တော်​အား မည်သည့်​အရာ​ကို​မျှ မ​မေး​ဝံ့​တော့ချေ။


ငါ​သည် တစ်ချိန်က ပညတ်​တရား​မ​ပါ​ဘဲ အသက်ရှင်​ခဲ့​၏။ သို့သော် ပညတ်​တော်​ရောက်လာ​သောအခါ အပြစ်​သည် ပြန်လည်​ရှင်သန်​လာ​ပြီး ငါ​မူကား သေဆုံး​ခဲ့​သဖြင့်


အဘယ်ကြောင့်​ဆိုသော် ငါ​သည် ဘုရားသခင်​၌​အသက်ရှင်​နိုင်​ရန် ပညတ်​တရား​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီ။ ငါ​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​ပြီ။


လူ​တစ်​ဦး​စီ​အား မည်သို့​ပြန်ဖြေ​ရ​မည်​ကို သင်​တို့​သိရှိ​နိုင်​ရန် သင်​တို့​၏​စကား​သည် ဆား​ဖြင့်​အရသာ​ရှိ​လျက် အစဉ်အမြဲ​တင့်တယ်​ခြင်း​ရှိ​ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ