Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 10:29 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မည်သူမဆို ငါ့​အတွက်​နှင့် ကောင်းမြတ်​သော​သတင်း​အတွက် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

29 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ငါ့​အ​တွက်​လည်း​ကောင်း၊ ဧဝံ​ဂေ​လိ​တရား​အတွက် လည်း​ကောင်း၊ အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​ကို​စွန့်​သော​သူ​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

29 ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း၊ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 10:29
13 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ပစ္စည်း​များ​ကို မ​နှမြော​နှင့်​။ အကြောင်းမူကား အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ​အကောင်းဆုံး​သော​အရာ​သည် သင်​တို့​ဥစ္စာ​ဖြစ်​၏​’​ဟူ၍ မှာကြား​လော့​”​ဟု မိန့်ဆို​လေ​၏​။


သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။


ငါ​၏​နာမ​ကြောင့် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​သော​သူ​တိုင်း​သည် အဆ​တစ်ရာ​သော​အကျိုး​ကို​ခံစားရ​လျက် ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရ​လိမ့်မည်။


ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။


အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ​နှင့်​ကောင်းမြတ်​သော​သတင်း​အတွက် မိမိ​အသက်​ကို ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။


ကိုယ်တော်​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် အိမ်​ကို​ဖြစ်စေ၊ ဇနီး​ကို​ဖြစ်စေ၊ ညီအစ်ကို​ကို​ဖြစ်စေ၊ မိဘ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ စွန့်​သော​သူ​တို့​တွင်


ငါ​သည် ကောင်းမြတ်​သော​သတင်း​၏​အကျိုးကျေးဇူး​ကို မျှဝေ​ခံစား​သူ​ဖြစ်​ရန် အမှု​ခပ်သိမ်း​တို့​ကို ထို​သတင်း​အတွက် ဆောင်ရွက်​၏။


သင်​သည် သည်းခံ​ခြင်း​ရှိ​လျက် ငါ​၏​နာမ​အတွက် အပင်ပန်း​ခံ​၍ အားလျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ