Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကုခရစ်ဝင် 1:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ကာ ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ကို​စား​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ယော​ဟန်​သည်​ကု​လား​အုပ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​ထား​၏။ သား​ရေ​ခါး​ပန်း​ကို​စည်း​ထား​၏။ ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ကို​မှီ​ဝဲ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့် ရက်​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ခါး၌ သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော​ပျား​ရည်​ကို စား​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကုခရစ်ဝင် 1:6
6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က​လည်း “​သူ​သည် အမွေးထူ​၍ ခါး​၌ သားရေ​ခါးပတ်​ကို ပတ်ထား​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​လျှင် ရှင်ဘုရင်​က “​သူ​သည် တိရှဘိ​မြို့သား ဧလိယ ဖြစ်​၏​”​ဟု မိန့်ဆို​၏​။


ထိုသို့သော​အကောင်​များ​ဖြစ်​သည့် အညိုရောင်​ကျိုင်းကောင်​အမျိုးမျိုး​၊ အစိမ်းရောင်​ကျိုင်းကောင်​အမျိုးမျိုး​၊ ပုရစ်​အမျိုးမျိုး​နှင့် နှံကောင်​အမျိုးမျိုး​တို့​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။


ထို​နေ့ရက်​တွင် ပရောဖက်​တို့​သည် ပရောဖက်ပြု​ဟောပြော​သောအခါ မြင်​ရ​သော​စိတ်အာရုံ​ကြောင့် အရှက်ရ​လိမ့်မည်​။ လူ​တို့​ကို လှည့်စား​ရန် သားမွေးဝတ်လုံ​ကို ဝတ်​ခွင့်​ရှိ​တော့​မည်​မ​ဟုတ်​။


ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ထား​၏။ သူ​၏​အစားအစာ​မူကား ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ဖြစ်​ကြ​၏။


ထိုအခါ ယုဒ​နယ်​တစ်​နယ်​လုံး​မှ​လူ​များ​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ယောဟန်​ထံသို့​သွား​၍ မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။


ယောဟန်​က “ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ငုံ့​၍​ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ