မိက္ခာ 6:5 - မြန်မာ့စံမီသမ္မာကျမ်5 အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံကိုလည်းကောင်း၊ ဗောရသား ဗာလမ်ပြန်ပြောသော စကားကိုလည်းကောင်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား၏ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။