Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 8:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 “သခင်​ဘုရား၊ အကျွန်ုပ်​၏​ငယ်သား​တစ်​ယောက်​သည် လေဖြတ်​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​လျက် အိမ်​၌​လဲလျောင်း​နေ​ရ​ပါ​၏”​ဟု တောင်းပန်​လျှောက်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ``အ​ရှင်၊ အ​ကျွန်ုပ်​၏​အ​စေ​ခံ​တစ်​ယောက်​သည်​ပြင်း စွာ​သော​ဝေ​ဒ​နာ​ဖြင့်​အိမ်​တွင်​လဲ​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 သ​ခင်၊ ကျွန်​တော်၏ ငယ်​သား​တစ်​ယောက်​သည် လက်​ခြေ​သေ​သည်​အ​နာ​နှင့် ပြင်း​စွာ​ခံ​ရ၍ အိမ်​တွင် တုံး​လုံး​နေ​ပါ​သည်​ဟု တောင်း​ပန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 8:6
12 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ယေရှု​က​လည်း“ငါ​လာ​၍ သူ့​ကို​ကျန်းမာ​စေ​မည်”​ဟု မိန့်​တော်မူ​သော်


ထိုအခါ လူ​တို့​သည် အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် လေဖြတ်​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ မစိုးရိမ်​နှင့်။ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။


မိမိ​အား​မြွက်ဆို​သော​ကောင်းကင်တမန်​ထွက်ခွာ​သွား​သောအခါ ကော်နေလိ​သည် အစေခံ​နှစ်​ဦး​နှင့် မိမိ​အနီးအပါး​တွင်​တာဝန်​ထမ်းဆောင်​နေ​သော​သူ​တို့​ထဲမှ ဘုရား​ဝတ်​၌​မွေ့လျော်​သော စစ်သား​တစ်​ဦး​ကို​ခေါ်​၍


အကြောင်းမူကား များစွာ​သော​သူ​တို့​ထံ၌​ပူး​နေ​သည့် ညစ်ညူး​သော​နတ်​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် ထွက်သွား​ကြ​၏။ လေဖြတ်​သော​သူ​နှင့် ခြေ​မသန်စွမ်း​သူ​များစွာ​တို့​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။


ထို​မြို့​တွင် လေဖြတ်​၍ ရှစ်​နှစ်​ပတ်လုံး အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် အဲနေ​အမည်​ရှိ​သော​လူ​တစ်​ဦး​ကို တွေ့​လေ​၏။


ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။


သခင်​တို့၊ သင်​တို့​တွင်​လည်း ကောင်းကင်​၌​သခင်​တစ်​ပါး​ရှိ​ကြောင်း သိမှတ်​လျက် မိမိ​တို့​ကျွန်​များ​အပေါ် မှန်ကန်​မျှတ​စွာ ပြုမူ​ကြ​လော့။


မိမိ​တို့​သခင်​သည် ယုံကြည်​သူ​ဖြစ်​လျှင် သခင်​သည် ညီအစ်ကို​ဖြစ်​သည်​ဟု​ဆိုလျက် မထီမဲ့မြင်​မ​ပြု​ဘဲ သာ၍​ကောင်းစွာ​အစေခံ​ကြ​စေ။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အစေခံ​ခြင်း​၏​အကျိုး​ကို ခံစားရ​သော​သခင်​သည် ယုံကြည်​သူ​ဖြစ်​ပြီး မိမိ​ချစ်​ရ​သော​သူ​လည်း​ဖြစ်​၏။ သင်​သည် ဤ​အရာ​များ​ကို​သွန်သင်​၍ တိုက်တွန်း​နှိုးဆော်​လော့။


ထိုသို့ဆိုရာ၌ ကျွန်​တစ်​ဦး​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ ကျွန်​ထက် ပို၍​မြတ်​သည့် ချစ်​သော​ညီအစ်ကို​အဖြစ် ရရှိ​ခြင်း​ကို​ဆိုလို​၏။ အထူးသဖြင့် ငါ့​အတွက် ထိုသို့​ဖြစ်​လေ​ပြီ။ သင့်​အတွက်​မူကား သွေးသား​၌​လည်းကောင်း၊ သခင်​ဘုရား​၌​လည်းကောင်း မည်မျှ​ပို၍ ထိုကဲ့သို့​ဖြစ်​လိမ့်မည်​နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ