Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 8:26 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 ထိုအခါ ကိုယ်တော်​က“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ အဘယ်ကြောင့် ကြောက်​တတ်​သနည်း”​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

26 ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 8:26
24 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သမုဒ္ဒရာ​တို့​၏​မြည်ဟည်းသံ​၊ ၎င်း​တို့​ထဲမှ​လှိုင်းတံပိုး​များ​၏​မြည်ဟည်းသံ​နှင့် တိုင်းသူပြည်သား​တို့​၏ အုတ်အော်သောင်းနင်း​ဖြစ်​ခြင်း​တို့​ကို ငြိမ်သက်​စေ​တော်မူ​၏​။


ကိုယ်တော်​သည် လှိုင်းထန်​သော​ပင်လယ်​ကို အုပ်စိုး​တော်မူ​၏​။ ထို​ပင်လယ်​၏​လှိုင်းတံပိုး​များ​ထလာ​သောအခါ ၎င်း​တို့​ကို ငြိမ်​စေ​တော်မူ​၏​။


ဘုန်းကြီး​သော​လက်ရုံး​တော်​ကို မောရှေ​၏​လက်ယာ​လက်​နှင့်အတူ ရှိ​စေ​သော​သူ​၊ နာမ​တော်​အစဉ်​ထင်ရှား​စေရန် သူ​တို့​ရှေ့​တွင် ရေ​ကို​ခွဲ​သော​သူ​၊


ပင်လယ်​ကို ဆုံးမ​ပြီး ခြောက်သွေ့​စေ​တော်မူ​၏​။ ရှိသမျှ​သော​မြစ်​တို့​ကို​လည်း ခန်းခြောက်​စေ​တော်မူ​၏​။ ဗာရှန်​ပြည်​နှင့် ကရမေလ​တောင်​တို့​သည် ခြောက်သွေ့​၍ လက်ဘနွန်​တောင်​ရှိ​ပန်း​များ​လည်း ညှိုးနွမ်း​ကြ​ပါ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အောင်ပွဲခံ​မြင်း​တော်​၊ ရထား​တော်​တို့​ကို စီး​တော်မူ​သည်​မှာ ချောင်း​တို့​ကို စိတ်ဆိုး​၍​လော​။ မြစ်​တို့​ကို အမျက်ထွက်​၍​လော​။ ပင်လယ်​ကို ဒေါသ​ထွက်​၍​လော​။


ထိုသို့​ပြောဆို​ကြ​သည်​ကို ယေရှု​သိ​တော်မူ​လျှင်“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အဘယ်ကြောင့် အချင်းချင်း​အချေအတင်​ပြောဆို​ကြ​သနည်း။


ကိုယ်တော်​က​လည်း“သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ်။


ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို ပို၍​ကောင်းစွာ​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော။


ထို​သူ​တို့​သည် အံ့ဩ​လျက် “ဤ​သူ​ကား မည်သို့​သော​သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။


ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“တိတ်ဆိတ်​၍ သူ့​အထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ နတ်ဆိုး​သည် ထို​သူ​ကို လူ​များ​အလယ်​တွင်​လှဲချ​၍ အနာတရ​မ​ဖြစ်​စေ​ဘဲ သူ့​အထဲမှ ထွက်သွား​လေ​၏။


ဘုရားသခင်​၏​ကတိ​တော်​အပေါ်၌ ယုံမှား​သံသယ​မ​ရှိ​ဘဲ ယုံကြည်​ခြင်း​အားကြီး​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ


သူ​၏​လက်​၌ ဖွင့်​ထား​သော​စာလိပ်​ငယ်​တစ်​ခု​ရှိ​၏။ သူ​သည် မိမိ​၏​ယာ​ဘက်​ခြေထောက်​ကို ပင်လယ်​ပေါ်တွင်​လည်းကောင်း၊ ဝဲ​ဘက်​ခြေထောက်​ကို ကုန်းမြေ​ပေါ်တွင်​လည်းကောင်း ချ​ထား​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ