Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 8:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ဤသည်ကား “ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အားနည်း​ခြင်း​များ​ကို ယူဆောင်​၍ အကျွန်ုပ်​တို့​၏​ရောဂါ​များ​ကို သယ်ဆောင်​သွား​တော်မူ​၏”​ဟု ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ဤ​သို့​လျှင် ``ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ဖျား​အ​နာ များ​နှင့်​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို​ဆောင်​ယူ​သွား တော်​မူ​၏'' ဟူ​၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ခဲ့​သည့် စ​ကား​အ​တိုင်း​ဖြစ်​ပျက်​၍​လာ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သူ​သည် အ​ကျွန်ုပ်​တို့ အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ​သည်​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 8:17
9 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​သည် မီးရှို့ရာယဇ်​အတွက် ထင်း​ကို​ယူ​၍ မိမိ​သား​ဣဇက်​အား​ထမ်း​စေ​ပြီးလျှင် မိမိ​လက်​၌ မီး​နှင့်​ဓား​ကို​ကိုင်ဆောင်​လျက် သူ​တို့​နှစ်​ယောက် အတူတူ​ဆက်သွား​ကြ​၏​။


အကယ်စင်စစ် သူ​သည် ငါ​တို့​၏​အနာရောဂါ​များ​ကို ယူဆောင်​သွား​၏​။ ငါ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ထမ်းသွား​၏​။ ငါ​တို့​မူကား သူ့​အား ဘုရားသခင်​၏​ဒဏ်ခတ်​ခြင်း​ကို​ခံရ​သော​သူ​၊ ရိုက်နှက်​ခြင်း​ကို​ခံရ​သော​သူ​၊ နှိပ်စက်​ခြင်း​ကို​ခံရ​သော​သူ​ဟု ထင်မှတ်​ကြ​၏​။


ဤ​အရာ​အားလုံး​ဖြစ်ပျက်​သည်မှာ ထာဝရ​ဘုရား​က


ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လေ​၏။ ဤသည်ကား “ငါ့​သား​ကို အီဂျစ်​ပြည်​မှ ငါ​ခေါ်ထုတ်​ခဲ့​၏”​ဟု ပရောဖက်​အားဖြင့် ထာဝရ​ဘုရား​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။


နာဇရက်​ဟု​ခေါ်​သော​မြို့​တွင် သွားရောက်​နေထိုင်​လေ​၏။ ဤသည်ကား “ကိုယ်တော်​သည် နာဇရက်​မြို့သား​ဟု ခေါ်ဝေါ်​ခြင်း​ကို ခံရ​လိမ့်မည်”​ဟူ၍ ပရောဖက်​များ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။


ညနေချမ်း​အချိန်​ရောက်​ပြီး နေ​ဝင်​သောအခါ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​နှင့် နတ်ဆိုး​ပူး​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ


နေ​ဝင်​ချိန်​ရောက်​သောအခါ လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​အသီးသီး​တို့​အပေါ်သို့ လက်​တော်​ကို​တင်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။


သို့ဖြစ်၍ ခရစ်တော်​ကြောင့် ငါ​ခံရ​သော အားနည်း​ခြင်း၊ စော်ကား​ခြင်း၊ ခက်ခဲ​ကျပ်တည်း​ခြင်း၊ ညှဉ်းဆဲ​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​ကို ငါ​နှစ်သက်​၏။ အကြောင်းမူကား ငါ​သည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ​၏။


ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ