ရှင်မဿဲ 4:15 - မြန်မာ့စံမီသမ္မာကျမ်15 မိန့်တော်မူချက်မှာ “ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ ပင်လယ်လမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ လူမျိုးခြားတို့၏ဂါလိလဲနယ်၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version15 ``အို ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ယော်ဒန်မြစ် တစ်ဖက်ကမ်း၊အိုင်လမ်းတစ်လျှောက်၊ လူမျိုးခြားတို့နေထိုင်ရာဂါလိလဲပြည်၊- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version15 နှုတ်ထွက်အချက် ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်၊- အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
နဿလိအမျိုးအနွယ်ရသောအမွေမြေထဲမှလည်း ဂါလိလဲပြည်၊ ကေဒေရှမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဟမ္မုန်ဒေါရမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ကာတံမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေ စသောမြို့သုံးမြို့ကို ပေး၏။ (ကေဒေရှမြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။)