Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 4:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို့နောက် နာဇရက်​မြို့​ကို​စွန့်ခွာ​၍ ပင်လယ်​ကမ်းနား​၌​ရှိ​သော ကပေရနောင်​မြို့​သို့ သွားရောက်​နေထိုင်​တော်မူ​၏။ ထို​မြို့​သည် ဇာဗုလုန်​နယ်​နှင့်​နဿလိ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​၌​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​တွင်​နေ​ထိုင်​တော် မ​မူ​ဘဲ​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​စပ်​ကြား၊ ဂါ​လိ​လဲ​အိုင်​အ​နီး​ရှိ​က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 နာ​ဇ​ရက်​မြို့​ကို စွန့်​သွား​လျက်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​စပ်​ကြား​တွင် အိုင်​နှင့်​နီး​စပ်​သော က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ နေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 4:13
17 ပူးပေါင်းရင်းမြစ်များ  

ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။ အကြောင်းမူကား သင်​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို သောဒုံ​မြို့​၌ ပြု​ခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ရှိ​ခဲ့​ပေ​လိမ့်မည်။


ကပေရနောင်​မြို့​သို့ သူ​တို့​ရောက်ရှိ​လာ​ကြ​သောအခါ ဗိမာန်​တော်​ခွန်​ကောက်ခံ​သော​သူ​တို့​သည် ပေတရု​ထံသို့​လာ​၍ “သင်​တို့​၏​ဆရာ​သည် ဗိမာန်​တော်​ခွန်​ကို ပေးဆောင်​ပါ​သလော”​ဟု မေး​ကြ​၏။


ဤသည်ကား ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။


မိန့်​တော်မူ​ချက်​မှာ “ဇာဗုလုန်​နယ်​နှင့်​နဿလိ​နယ်၊ ပင်လယ်​လမ်း​တစ်လျှောက်၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ လူမျိုးခြား​တို့​၏​ဂါလိလဲ​နယ်၊


ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်​တက်​၍ ပင်လယ်​ကို​ကူး​ပြီးလျှင် မိမိ​နေရပ်​မြို့​သို့​ကြွ​တော်မူ​၏။


ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ဝင်​ကြ​၏။ ဥပုသ်နေ့​ရောက်​သည်​နှင့် ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။


ရက်​အနည်းငယ်​ကြာ​ပြီးနောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​၏။ အိမ်​၌ ကိုယ်တော်​ရှိ​တော်မူ​သည်​ကို​ကြား​၍


ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။


ကိုယ်တော်​က​လည်း“အသင်​ဆေးဆရာ၊ သင့်​ရောဂါ​ကို သင်​ပျောက်ကင်း​စေ​လော့​ဟူသော​ဆိုရိုး​စကား​အတိုင်း ‘ကပေရနောင်​မြို့​တွင် သင်​ပြု​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​သည့်​အမှု​များ​ကို သင်​၏​နေရင်း​မြို့​ဖြစ်​သော ဤ​အရပ်​၌​လည်း​ပြု​ပါ’​ဟု သင်​တို့​သည် ငါ့​အား မုချ​ပြော​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​ပြီးနောက်


ထို့နောက် ကိုယ်တော်​သည် မယ်တော်၊ ညီ​တော်​များ၊ တပည့်​တော်​များ​နှင့်အတူ ကပေရနောင်​မြို့​သို့​ကြွ​၍ ထို​မြို့​၌ ရက်​အနည်းငယ်​နေ​တော်မူ​၏။


ထို့နောက် ယေရှု​သည် ရေ​ကို​စပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါလိလဲ​နယ်၊ ကာန​မြို့​သို့ တစ်ဖန်​ကြွ​တော်မူ​၏။ ထိုအခါ​၌ ကပေရနောင်​မြို့​တွင် မှူးမတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာမကျန်း​ဖြစ်​နေ​၏။


လှေ​ပေါ်​တက်​ပြီးလျှင် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကပေရနောင်​မြို့​သို့ ကူးသွား​ကြ​၏။ မိုးချုပ်​ပြီ​ဖြစ်​သော်လည်း ယေရှု​သည် သူ​တို့​ထံသို့​မ​ရောက်လာ​သေး။


လူထု​ပရိသတ်​သည် ထို​အရပ်​၌ ယေရှု​မှစ၍​တပည့်​တော်​တို့​ပါ မ​ရှိ​ကြောင်း​ကို​သိမြင်​သဖြင့် ထို​လှေ​ငယ်​များ​ပေါ်​တက်​ပြီးလျှင် ယေရှု​ကို​ရှာ​ရန် ကပေရနောင်​မြို့​သို့​သွား​ကြ​၏။


ကိုယ်တော်​သည် ကပေရနောင်​မြို့​၌ သွန်သင်​တော်မူ​စဉ် ဤ​အကြောင်းအရာ​များ​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ