Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 26:54 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

54 သို့ဖြစ်လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်းချက်​များ​သည် မည်သို့​ပြည့်စုံ​ခြင်း​သို့​ရောက်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

54 သို့​ရာ​တွင်​ငါ​ဤ​သို့​ပြု​ပါ​မူ​ကျမ်း​စာ​လာ​သည် အ​တိုင်း​အ​ဘယ်​သို့​လျှင်​ဖြစ်​ပျက်​တော့​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

54 သို့​ဖြစ်​လျှင် ဤ​သို့​သော အ​မှု​အ​ရာ​တို့​သည် ဖြစ်​ရ​မည်​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ပြည့်​စုံ​အံ့​နည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 26:54
11 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို ဓား​၊ ထ​လော့​။ ငါ​၏​သိုးထိန်း​ကို တိုက်ခိုက်​လော့​။ ငါ​၏​အိမ်နီးချင်း​ကို တိုက်ခိုက်​လော့​။ သိုးထိန်း​ကို​ရိုက်နှက်​လော့​။ ထိုအခါ သိုး​တို့ ကွဲလွင့်​သွား​ကြ​လိမ့်မည်​။ ငါ​သည်​လည်း သိုးငယ်​များ​ကို လက်​ဖြင့်​ရွယ်​၍ တိုက်ခိုက်​မည်”​ဟု မိန့်​တော်မူ​၏​။


ယေရှု​က​လည်း“ ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏။ ဤ​အမှု​သည် ထာဝရ​ဘုရား​အားဖြင့်​ဖြစ်လာ​၍ ငါ​တို့​၏​မျက်မှောက်​၌ အံ့ဩဖွယ်​ဖြစ်​၏’ဟု ကျမ်းစာ​ထဲ၌ မ​ဖတ်​ဖူး​ကြ​သလော။


လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို​ရရှိ​သော​သူ​တို့​အား ‘ဘုရား​များ’​ဟု ခေါ်​လျှင် ကျမ်းစာ​သည် မ​ပျက်ပြယ်​နိုင်​သည်​ဖြစ်၍


“ညီအစ်ကို​တို့၊ ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​အား လမ်းပြ​ပေး​သူ​ဖြစ်​သည့် ယုဒ​ဣရှကာရုတ်​နှင့်​ပတ်သက်၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဒါဝိဒ်​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောကြား​ထား​သော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ