ရှင်မဿဲ 26:22 - မြန်မာ့စံမီသမ္မာကျမ်22 ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်မကောင်းဖြစ်ကြလျက် “သခင်ဘုရား၊ အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ဦးပြီးတစ်ဦးမေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version22 တပည့်တော်တို့သည်လွန်စွာစိတ်မချမ်းမသာဖြစ် ကြလျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ် ဦးနောက်တစ်ဦးမေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version22 တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။