Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 2:22 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 သို့သော် အာခေလ​သည် ခမည်းတော်​ဟေရုဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​လျက် ယုဒ​နယ်​ကို​အုပ်ချုပ်​နေ​ကြောင်း ကြား​ရ​သောအခါ ထို​နယ်​သို့​သွား​ရန် ကြောက်ရွံ့​လေ​၏။ အိပ်မက်​ထဲတွင်​လည်း ဗျာဒိတ်​တော်​ရ​သဖြင့် ဂါလိလဲ​နယ်မြေ​ဒေသ​သို့ ထွက်ခွာ​သွား​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 ယု​ဒ​ပြည်​တွင်​အာ​ခေ​လ​သည်​ခ​မည်း​တော်​ဟေ​ရုဒ် မင်း​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စိုး​စံ​လျက်​နေ​၏။ ထို​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​ယော​သပ်​သည် ထို​ပြည်​သို့​မ​သွား​ဝံ့​တော့​ချေ။ သူ​သည်​အိပ်​မက် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ခံ​ယူ​ရ သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည်​သို့​သွား​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 ဟေ​ရုဒ်​မင်း​ကြီး၏​အ​ရာ၌ သား​တော်​အာ​ခေ​လ​သည် ယု​ဒ​ပြည်​တွင် မင်း​ပြု​ကြောင်း​ကို ကြား​ရ​လျှင်၊ ထို​ပြည်​သို့ မ​သွား​ဝံ့၍ အိပ်​မက်၌ ဗျာ​ဒိတ်​တော်​ကို​ရ​ပြန်​ပြီး​မှ ဂါ​လိ​လဲ​ပြည်​သို့​သွား၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 2:22
18 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် သင်​၏​သွား​ခြင်း​၊ လာ​ခြင်း​တို့​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက် စောင့်ရှောက်​တော်မူ​လိမ့်မည်​။


အကြောင်းမူကား ဤ​ဘုရားသခင်​သည် ကာလ​အစဉ်အဆက် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​သေဆုံး​သည့်​တိုင်အောင် ငါ​တို့​ကို ပို့ဆောင်​တော်မူ​လိမ့်မည်​။


ကိုယ်တော်​၏​အကြံဉာဏ်​အားဖြင့် အကျွန်ုပ်​ကို​ရှေ့ဆောင်​လမ်းပြ​တော်မူ​ပြီးနောက် ဘုန်းအသရေ​တော်​ထဲသို့ ခေါ်ဆောင်​တော်မူ​လိမ့်မည်​။


သင်​တို့​သည် လက်ယာ​ဘက်​၊ သို့မဟုတ် လက်ဝဲ​ဘက်​သို့ လှည့်​သောအခါ “​ဤ​လမ်း​သည် မှန်​၏​။ ဤ​လမ်း​အတိုင်း သွား​လော့​”​ဟု သင်​တို့​နောက်​၌​ပြော​သော​စကား​ကို သင်​တို့​၏​နား​ဖြင့် ကြား​ကြ​ရ​မည်​။


သို့သော် ဤ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​နေ​စဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ဒါဝိဒ်​၏​သား​ယောသပ်၊ မာရိ​အား သင်​၏​ဇနီး​အဖြစ်​ယူ​ရ​မည်​ကို မ​စိုးရိမ်​နှင့်။ အကြောင်းမူကား သူ​၌​တည်​နေ​သော​သန္ဓေ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​၏။


ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်၊ ဗက်လင်​မြို့​၌ ယေရှု​ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​ပြီးနောက် အရှေ့​ပြည်​မှ နက္ခတ်​ပညာရှင်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ကြ​၍


ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် အီဂျစ်​ပြည်​၌​ရှိ​သော​ယောသပ်​အား အိပ်မက်​တွင်​ထင်ရှား​ကာ


ထိုအခါ ယောသပ်​သည်​ထ​၍ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်ဆောင်​ကာ အစ္စရေး​ပြည်​သို့ ပြန်လာ​လေ​၏။


ထို​ကာလ​တွင် ယေရှု​သည် ယောဟန်​ထံ၌​ဗတ္တိဇံ​ခံ​ရန် ဂါလိလဲ​နယ်​မှ ဂျော်ဒန်​မြစ်​နား​ရှိ ယောဟန်​ထံသို့ ကြွလာ​တော်မူ​၏။


မိဘ​တို့​သည် ထာဝရ​ဘုရား​၏​ပညတ်​တရား​နှင့်အညီ အကုန်အစင်​ပြု​ပြီး​သောအခါ မိမိ​တို့​နေရပ်​မြို့​ဖြစ်​သော ဂါလိလဲ​နယ်​ရှိ နာဇရက်​မြို့​သို့​ပြန်​သွား​ကြ​၏။


သူ​တို့​က “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သလော။ ဂါလိလဲ​နယ်​မှ ပရောဖက် မ​ပေါ်ထွန်း​ကြောင်း​ကို စူးစမ်း​လေ့လာ​၍ သိမှတ်​လော့”​ဟု ဆို​ကြ​၏။


ထိုအခါ ရှမွေလ​က “​အကျွန်ုပ် မည်သို့​သွား​နိုင်​ပါ​မည်နည်း​။ ရှောလု​ကြား​လျှင် အကျွန်ုပ်​ကို သတ်​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လျှင် ထာဝရဘုရား​က “​နွားအုပ်​ထဲမှ နွားမတမ်း​တစ်​ကောင်​ကို​ယူ​၍ ‘​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငါ​လာ​သည်​’​ဟု ဆို​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ