ရှင်မဿဲ 19:16 - မြန်မာ့စံမီသမ္မာကျမ်16 ထို့နောက် လူတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍ “ဆရာ၊ ထာဝရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမြတ်သောအမှုကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 လူတစ်ယောက်သည်အထံတော်သို့လာ၍ ``ဆရာ တော်၊ ထာဝရအသက်ကိုရအံ့သောငှာအကျွန်ုပ် သည်အဘယ်ကောင်းမြတ်သည့်အမှုကိုပြုရ ပါမည်နည်း'' ဟုမေးလျှောက်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 ထိုနောက်လူတစ်ယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။