Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 16:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 တပည့်​တော်​တို့​က​လည်း “အချို့​တို့​က ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု​ဆို​ကြ​၍ အချို့​တို့​က ဧလိယ​ဟု​ဆို​ကြ​ပါ​သည်။ အချို့​တို့​က​လည်း ယေရမိ​၊ သို့မဟုတ် ပရောဖက်​များ​ထဲမှ တစ်ပါးပါး​ဖြစ်​သည်​ဟု​ဆို​ကြ​ပါ​သည်”​ဟူ၍ လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 16:14
14 ပူးပေါင်းရင်းမြစ်များ  

ဗင်္ယာမိန်​ပြည်​၊ အာနသုတ်​မြို့​မှ ယဇ်ပုရောဟိတ်​တစ်​ပါး​ဖြစ်​သော ဟိလခိ​၏​သား ယေရမိ​ဆင့်ဆို​သော​နှုတ်ကပတ်တော်​။


ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ကြောက်မက်ဖွယ်​သော​နေ့ရက်​ကြီး မ​ရောက်​မီ ပရောဖက်​ဧလိယ​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်​။


သူ​၏​ငယ်သား​တို့​အား “ဤ​သူ​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ဖြစ်​၏။ သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌​တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​လေ​၏။


ယေရှု​က“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင်


ထိုအခါ တပည့်​တော်​တို့​က “သို့ဖြစ်လျှင် ဧလိယ​သည် ဦးစွာ​လာ​ရ​မည်​ဟု ကျမ်းပြု​ဆရာ​တို့​က အဘယ်ကြောင့်​ဆို​ကြ​သနည်း”​ဟူ၍ ကိုယ်တော်​အား မေးလျှောက်​ကြ​၏။


ထို​နေ့ရက်​ကာလ​၌ ဗတ္တိဇံ​ဆရာ​ယောဟန်​သည်​ပေါ်ထွန်း​လာ​၍


အချို့​တို့​က​လည်း “သူ​သည် ဧလိယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အချို့​တို့​က​လည်း “ရှေး​ပရောဖက်​များ​တစ်ပါးပါး​ကဲ့သို့သော​ပရောဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။


တပည့်​တော်​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆို​ကြ​၍ အချို့​တို့​က​လည်း ပရောဖက်​များ​ထဲမှ​တစ်ပါးပါး​ဖြစ်​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်​လျှောက်​ကြ​၏။


အချို့​တို့​က “ဧလိယ​ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ အချို့​တို့​က​လည်း “ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။


ထိုအခါ သူ​တို့​က “သို့ဖြစ်လျှင် သင်​သည်​မည်သူ​နည်း။ ဧလိယ​လော”​ဟု မေး​ကြ​သော် ယောဟန်​က “ငါ​သည် ဧလိယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပရောဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။


လူထု​ပရိသတ်​တို့​ထဲတွင် ကိုယ်တော်​နှင့်​ပတ်သက်၍ အမျိုးမျိုး​တီးတိုး​ပြောဆို​နေ​ကြ​၏။ လူ​အချို့​တို့​က “သူ​သည် သူတော်ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူထု​ပရိသတ်​ကို​လှည့်ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။


ထို့ကြောင့် ဖာရိရှဲ​တို့​သည် ထို​မျက်မမြင်​အား “သင့်​ကို​မျက်စိ​မြင်​စေ​သော​သူ​၏​အကြောင်း​ကို သင်​မည်သို့​ဆို​မည်နည်း”​ဟု နောက်တစ်ဖန်​မေးမြန်း​ကြ​လျှင် “ပရောဖက်​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ