Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 16:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထိုအခါ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲ​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို ပြ​ပေး​ပါ​ရန် တောင်းဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​များ​သည်​အ​ထံ​တော် သို့​လာ​၍​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင်​လျက် ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား​စေ​လွှတ် တော်​မူ​ကြောင်း​သိ​နိုင်​ရန်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ'' ဟု​တောင်း​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ ချဉ်း​ကပ်၍၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 16:1
33 ပူးပေါင်းရင်းမြစ်များ  

မိုက်မဲ​သော​သူ​ကို သူ​၏​မိုက်မဲမှု​နှင့်အညီ ဖြေကြား​လော့​။ သို့မဟုတ်လျှင် သူ​သည် မိမိကိုယ်ကို​ပညာရှိ​ဟု ထင်မြင်​လိမ့်မည်​။


ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း တိုင်ပင်​ဆွေးနွေး​ကြ​၏။


ထိုအခါ​၌ ဂျေရုဆလင်​မြို့​မှ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍


ထိုအခါ ယေရှု​က“ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို အထူး​သတိထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “လူ​သည် မည်သည့်​အကြောင်း​ကြောင့်​မဆို မိမိ​မယား​ကို ကွာရှင်း​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။


ထိုအခါ ဖာရိရှဲ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် အကွက်ဆင်​ဖမ်း​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။


သို့သော် ယေရှု​သည် သူ​တို့​၏​ဆိုးညစ်​မှု​ကို​သိ​တော်မူ​၍“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။


ထို​နေ့​၌​ပင် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော​ဇဒ္ဒုကဲ​တို့​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍


“ကျမ်းပြု​ဆရာ​နှင့် ဖာရိရှဲ​တို့​သည် မောရှေ​၏​ထိုင်ခုံ​ပေါ်၌ ထိုင်​နေ​ကြ​၏။


ပြင်ဆင်​ရာ​နေ့​အလွန် နောက်တစ်နေ့​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ပိလတ်​မင်း​ထံ​စုဝေး​ကြ​လျက်


အမှန်စင်စစ် သင်​တို့​၏​ဖြောင့်မတ်​ခြင်း​သည် ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​ထက်​မ​သာ​လျှင် သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါမျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု သင်​တို့​အား ငါ​ဆို​၏။


ထို​အခြင်းအရာ​ကို ဖာရိရှဲ​တို့​မြင်​လျှင် တပည့်​တော်​တို့​အား “သင်​တို့​၏​ဆရာ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု မေးမြန်း​ကြ​၏။


ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ “လင်​ယောက်ျား​သည် မိမိ​မယား​ကို​ကွာရှင်း​ခြင်း​မှာ တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။


သို့သော် ကိုယ်တော်​သည် သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သိ​တော်မူ​၍“အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။ ငါ​ကြည့်​ရန်​အတွက် ဒေနာရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထို့နောက် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒုကဲ​တို့​သည် အထံ​တော်​သို့​လာ​၍


တစ်ခါက ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ထ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အမှု​ကို အကျွန်ုပ်​ပြု​ရ​ပါ​မည်နည်း”​ဟု ကိုယ်တော်​ကို​အကဲစမ်း​၍​မေးလျှောက်​လေ​၏။


အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။


သို့သော် ကိုယ်တော်​သည် သူ​တို့​၏​ပရိယာယ်​ကို​သိ​တော်မူ​၍


ထို့နောက် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒုကဲ​အချို့​တို့​သည် ချဉ်းကပ်​လာ​၍


သူ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​ခွင့်​ရရှိ​ရန် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ဤသို့​လျှောက်ထား​ကြ​ခြင်း​ဖြစ်​၏။ သို့ရာတွင် ယေရှု​သည်​ငုံ့​၍ လက်ညှိုး​တော်​ဖြင့် မြေ​ပေါ်၌​ရေး​လျက်​နေ​တော်မူ​၏။


ပေတရု​နှင့်​ယောဟန်​တို့​သည် လူ​တို့​အား​ဟောပြော​လျက်​နေ​ကြ​စဉ် ယဇ်ပုရောဟိတ်​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့် ဇဒ္ဒုကဲ​တို့​သည် သူ​တို့​ထံသို့​ရောက်လာ​ကြ​၏။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​မှစ၍ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒုကဲ​ဂိုဏ်း​ဝင်​သူ​အားလုံး​တို့​သည် မနာလို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက်


ဂျူး​လူမျိုး​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​တောင်း​တတ်​ကြ​၏။ ဂရိ​လူမျိုး​တို့​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​တတ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ