ရှင်မဿဲ 15:30 - မြန်မာ့စံမီသမ္မာကျမ်30 ထိုအခါ များစွာသောလူထုပရိသတ်တို့သည် ခြေမသန်စွမ်းသူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားရောဂါသည်အမြောက်အမြားတို့ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ အထံတော်သို့လာကြကာ ခြေတော်ရင်း၌ချထားကြသဖြင့် ကိုယ်တော်သည် သူတို့ကိုကျန်းမာစေတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 လူပရိသတ်များသည်ခြေမစွမ်းမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများဆွံ့အ သူများနှင့်အခြားရောဂါသည်များကိုခေါ်ဆောင် ကာကိုယ်တော်၏ခြေတော်ရင်းတွင်ချထားကြ၏။ ကိုယ်တော်သည်ထိုသူနာတို့၏ရောဂါများကို ပျောက်ကင်းစေတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version30 များစွာသောလူ အပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။- အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။