Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မဿဲ 14:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 သို့သော် ဟေရုဒ်​၏​မွေးနေ့​ရောက်လာ​သောအခါ ဟေရောဒိ​၏​သမီး​သည် ဧည့်သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေရုဒ်​ကို နှစ်သက်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 14:6
21 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​တွင် ဖာရော​မင်းကြီး​၏​မွေး​နေ့​ကျရောက်သဖြင့် မိမိ​၏​အမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ပြုလုပ်​လေ​၏​။ မိမိ​၏​အမှုထမ်း​တို့​ရှေ့​၌ ဖလားတော်ဝန်​ကို​ချီးမြှင့်​၍ စားတော်ဝန်​ကို​ကား ခေါင်း​နှင့်​ကိုယ်​တခြားစီ​ဖြစ်စေ​လေ​၏​။


ထို့နောက် ရှင်ဘုရင်​သည် မှူးမတ်​နှင့်​မင်းမှုထမ်း အပေါင်း​တို့​ပါ​သော စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၏​။ ဤ​ပွဲ​သည် ဧသတာ​အတွက်​ကျင်းပ​သော​ပွဲ​ဖြစ်​၏​။ မိမိ​ပိုင်နက်​တစ်ဝန်းလုံး​တွင် ထို​နေ့​ကို အားလပ်ရက်​အဖြစ်​သတ်မှတ်​၍ တော်ဝင်​လက်ဆောင်​များ​ကို​လည်း ရက်ရက်ရောရော​ပေးကမ်း​လေ​၏​။


အကြောင်းမူကား ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် ယောဟန်​ကို ဖမ်းဆီး​ချုပ်နှောင်​၍ ထောင်​ထဲ၌​ချ​ထား​ခဲ့​၏။


ထို့ကြောင့် ဟေရုဒ်​သည် သင်​တောင်း​သမျှ​ကို​ပေး​မည်​ဟု သူ့​အား ကတိ​သစ္စာ​ပြု​လေ​၏။


“ဆရာ၊ လူ​တစ်​ဦး​သည် သားသမီး​မ​ထွန်းကား​ဘဲ သေဆုံး​ခဲ့​လျှင် သူ​၏​ညီ​သည် အစ်ကို​၏​မယား​ကို ဆက်ခံ​ထိမ်းမြား​လျက် သူ့​အစ်ကို​၏​မျိုးဆက်​ကို ပေါက်ဖွား​စေ​ရ​မည်​ဟု မောရှေ​ညွှန်ကြား​ခဲ့​ပါ​သည်။


ကိုယ်တော်​၏​နာမ​တော်​သည် ထင်ပေါ်​ကျော်ကြား​လာ​သဖြင့် ဟေရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အချို့​တို့​က “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌ တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​ကြ​၏။


ထိုသို့​ဆို​သည့်​အကြောင်းမှာ ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်တိုင်​လူ​လွှတ်​၍ ယောဟန်​ကို​ဖမ်းဆီး​ကာ ထောင်​ထဲ၌ ချုပ်နှောင်​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ဟေရုဒ်​သည် ထို​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သဖြင့်


ဟေရောဒိ​သည် ယောဟန်​ကို​ရန်ငြိုး​ထား​လျက် သတ်​လို​သော်လည်း အခွင့်​မ​ရ​ခဲ့​ချေ။


ထိုအခါ ကိုယ်တော်​က“ဖာရိရှဲ​တို့​၏​တဆေး​နှင့် ဟေရုဒ်​၏​တဆေး​တို့​ကို အထူး​သတိပြု​ကြ​လော့”​ဟု မိန့်မှာ​တော်မူ​၏။


ထို​အချိန်​၌ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ဟေရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်၍ ဤ​အရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။


ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။


ဟေရုဒ်​အုပ်စိုး​သည့်​နယ်​မှ​ဖြစ်​ကြောင်း သိ​သောအခါ ကိုယ်တော်​ကို ဟေရုဒ်​ထံသို့​ပို့​လိုက်​၏။ ထို​အချိန်​တွင် ဟေရုဒ်​သည်​လည်း ဂျေရုဆလင်​မြို့​၌​ရောက်ရှိ​နေ​၏။


တိဗေရိ​ဆီဇာ​နန်းစံ​တစ်ဆယ့်ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိလတ်​သည် ယုဒ​နယ်​၏​ဘုရင်ခံ၊ ဟေရုဒ်​သည် ဂါလိလဲ​နယ်​၏​နယ်စား၊ ဟေရုဒ်​၏​အစ်ကို​ဖိလိပ္ပု​သည် ဣတုရဲ​နယ်​နှင့်​တရာခေါနိတ်​နယ်​တို့​၏​နယ်စား၊ လုသာနိ​သည် အဘိလင်​နယ်​၏​နယ်စား၊


သို့ရာတွင် နယ်စား​ဟေရုဒ်​သည် မိမိ​အစ်ကို​၏​ဇနီး ဟေရောဒိ​နှင့်​ပတ်သက်၍​လည်းကောင်း၊ မိမိ​ကျူးလွန်​ခဲ့​သော မကောင်းမှု​အလုံးစုံ​တို့​နှင့်​ပတ်သက်၍​လည်းကောင်း ယောဟန်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ


နယ်စား​ဟေရုဒ်​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ ခုဇ​၏​ဇနီး ယောဟန္န​မှစ၍ ရှုရှန္န​အပါအဝင် အခြား​အမျိုးသမီး​အမြောက်အမြား​ရှိ​ကြ​၏။ ဤ​အမျိုးသမီး​တို့​သည် မိမိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ဖြင့် ကိုယ်တော်​နှင့်​တပည့်​တော်​တို့​ကို လုပ်ကျွေး​ပြုစု​ကြ​၏။


ထို​ကာလ​၌ ဟေရုဒ်​မင်း​သည် အသင်းတော်​မှ လူ​အချို့​တို့​ကို မတရား​နှိပ်စက်​ရန် ဖမ်းဆီး​၍


အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ