ရှင်မဿဲ 11:25 - မြန်မာ့စံမီသမ္မာကျမ်25 ထိုအချိန်တွင် ယေရှုက“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့်ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုကွယ်ဝှက်ထားလျက် ကလေးသူငယ်များကို ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version25 ထိုအခါ ယေရှုက၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ် ချီးမွမ်းပါ၏။- အခန်းကိုကြည့်ပါ။ |
အို ဘိုးဘေးတို့၏ဘုရားသခင်၊ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးကိုပေး၍ အကျွန်ုပ်တောင်းလျှောက်သောအရာကို ဖွင့်ပြတော်မူပြီ။ အကျွန်ုပ်တို့အား ရှင်ဘုရင်၏အိပ်မက်ကို သိစေတော်မူပါပြီ”ဟူ၍ ချီးမွမ်းမြွက်ဆိုလေ၏။