Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 9:49 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

49 ထိုအခါ ယောဟန်​က “သခင်၊ သခင်​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

49 ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ လူ​တစ်​ယောက်​သည် အ​ရှင်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့ ကို​နှင်​ထုတ်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့​တွေ့​မြင် ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​ဘက်​သား မ​ဟုတ်။ ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​သည်​သူ့​အား အ​ရှင်​၏​နာ​မ​တော်​ကို​အ​သုံး​မ​ပြု​ရန် တား​မြစ်​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

49 ယော​ဟန်​က​လည်း၊ သ​ခင်၊ ကိုယ်​တော်၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သော သူ​တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ၏။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​သော​ကြောင့် အ​ကျွန်ုပ်​တို့ မြစ်​တား​ကြ​ပါ၏​ဟု လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 9:49
10 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ယောဟန်​သည် ကိုယ်တော်​ကို​တားဆီး​လျက် “အကျွန်ုပ်​ကသာ​ကိုယ်တော်​ထံ၌ ဗတ္တိဇံ​ခံ​ရ​မည်​ဖြစ်​ပါလျက်နှင့် ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ ကြွလာ​တော်မူ​ပါ​သလော”​ဟု ဆို​၏။


ရှိမုန်​က​လည်း “သခင်၊ အကျွန်ုပ်​တို့​သည် တစ်ညလုံး​ကြိုးစား​ဖမ်း​ကြ​သော်လည်း တစ်​ကောင်​ကို​မျှ​မ​ရ​ကြ​ပါ။ သို့သော် ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သည်​ဖြစ်၍ ပိုက်ကွန်​များ​ကို​ချ​ပါ​မည်”​ဟု လျှောက်​ပြီးနောက်


ထို​သူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​ထံမှ ထွက်ခွာ​သွား​ကြ​စဉ် ပေတရု​က “သခင်၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​တို့​ဆောက်​ပါရစေ”​ဟု မိမိ​မည်သည့်​အရာ​ပြောဆို​နေ​သည်​ကို​မ​သိ​ဘဲ ယေရှု​အား လျှောက်ထား​လေ​၏။


“ဤ​နာမ​ကို​အမှီပြု၍ မ​သွန်သင်​ကြ​ရန် သင်​တို့​အား တင်းကျပ်​စွာ​အမိန့်​ပေး​ထား​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​သည် ဂျေရုဆလင်​မြို့​၌ သင်​တို့​၏​သွန်သင်​ချက်​ကို​ပျံ့နှံ့​စေ​၍ ထို​သူ​၏​သွေး​ကို ငါ​တို့​အပေါ်​သက်ရောက်​စေရန် ကြံရွယ်​ကြ​သည်​တကား”​ဟု မေးမြန်း​ပြောဆို​လေ​၏။


လူမျိုးခြား​တို့​ကယ်တင်​ခြင်း​ရရှိ​ရန် ငါ​တို့​ဟောပြော​သည်​ကို တားမြစ်​ကာ မိမိ​တို့​အပြစ်​များ​ကို အစဉ်အမြဲ​ဖြည့်ဆည်း​ကြ​၏။ သို့ဖြစ်၍ အမျက်​တော်​သည် သူ​တို့​အပေါ်သို့ အဆုံးစွန်​သက်ရောက်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ