ရှင်လုကာခရစ်ဝင် 8:27 - မြန်မာ့စံမီသမ္မာကျမ်27 ကိုယ်တော်သည် ကမ်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးသဖြင့် ကာလအတန်ကြာ အဝတ်လည်းမဝတ်၊ အိမ်၌လည်းမနေဘဲ သင်္ချိုင်း၌နေတတ်သော ထိုမြို့မှလူတစ်ဦးသည် ကိုယ်တော်ကိုဆီးကြိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version27 ကိုယ်တော်သည်ကမ်းပေါ်သို့တက်သောအခါ မြို့သားတစ်ဦးသည်ကိုယ်တော်ကိုလာရောက် တွေ့ဆုံ၏။ ထိုသူကိုနတ်မိစ္ဆာပူးကပ်နေသည် မှာကာလကြာလေပြီ။ သူသည်အဝတ်ကို မဝတ်၊ အိမ်တွင်လည်းမနေ၊ သင်္ချိုင်းဂူများ တွင်သာနေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version27 ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတစ်ယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြုလေ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။