ရှင်လုကာခရစ်ဝင် 6:7 - မြန်မာ့စံမီသမ္မာကျမ်7 ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကို စွပ်စွဲစရာအကြောင်း တွေ့ရှိနိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေမည်၊ မငြိမ်းစေမည်ကို စောင့်ကြည့်နေကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။