Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 5:27 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ထို့နောက် ကိုယ်တော်​သည် ထွက်ခွာ​သွား​၍ အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် လေဝိ​အမည်​ရှိ အခွန်​ကောက်ခံ​သူ​တစ်​ဦး​ကို​မြင်​သဖြင့်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 ထို​နောက်​ကိုယ်​တော်​သည်​က​ပေ​ရ​နောင်​မြို့​မှ ထွက်​ကြွ​တော်​မူ​၍ အ​ကောက်​ခွန်​ရုံး​ခန်း​တွင် လေ​ဝိ​နာ​မည်​ရှိ​သူ​အ​ခွန်​ခံ​ထိုင်​နေ​သည်​ကို မြင်​တော်​မူ​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

27 ထို​နောက်​ကိုယ်​တော်​သည် ထွက်​ကြွ၍ လေ​ဝိ​အ​မည်​ရှိ​သော အ​ခွန်​ခံ​သူ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို​မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 5:27
11 ပူးပေါင်းရင်းမြစ်များ  

ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ သောမ​နှင့်​အခွန်​ကောက်ခံ​သူ​မဿဲ၊ အာလဖဲ​၏​သား ယာကုပ်​နှင့်​သဒ္ဒဲ၊


ထို့နောက် ယေရှု​က တပည့်​တော်​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။


ယေရှု​က​လည်း“ငါ့​နောက်​သို့​လိုက်​လော့။ လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ”​ဟု မိန့်​တော်မူ​၏။


အနြေ္ဒ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏​သား​ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့်


ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။


နောက်တစ်နေ့​တွင် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ထွက်ခွာ​ရန် အလို​တော်​ရှိ​၏။ ထိုအခါ ဖိလိပ္ပု​ကို​တွေ့​လျှင်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။


မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထိုအခါ ငါ​ရှိ​ရာ​အရပ်​၌ ငါ​၏​အမှုဆောင်​လည်း​ရှိ​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခမည်းတော်​သည် ချီးမြှောက်​တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ