Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 3:23 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ယေရှု​သည် အမှု​တော်​စတင်​ဆောင်ရွက်​သောအခါ သက်​တော်​သုံးဆယ်​ခန့်​ရှိ​တော်မူ​၏။ လူ​တို့​၏​ထင်မြင်​ချက်​အရ ကိုယ်တော်​သည် ယောသပ်​၏​သား​ဖြစ်​၏။ ယောသပ်​သည် ဧလိ​၏​သား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 အ​မှု​တော်​စ​တင်​ဆောင်​ရွက်​ချိန်​၌​သ​ခင်​ယေ​ရှု သည်​အ​သက်​သုံး​ဆယ်​ခန့်​ရှိ​တော်​မူ​၏။ လူ​တို့​ထင် မြင်​ယူ​ဆ​ချက်​အ​ရ​ကိုယ်​တော်​သည်​ယော​သပ်​၏ သား​ဖြစ်​၏။ ယော​သပ်​သည်​ဧ​လိ​၏​သား​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

23 ထို​အ​ခါ ယေ​ရှု​သည် အ​နှစ်​သုံး​ဆယ်​ခန့်​မျှ ရှိ​တော်​မူ၏။ လူ​များ​အ​ထင်​အ​မှတ်​အား​ဖြင့် ကိုယ်​တော်၏​အ​ဘ​ကား ယော​သပ်​တည်း။ ယော​သပ်​အ​ဘ ဧ​လိ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 3:23
20 ပူးပေါင်းရင်းမြစ်များ  

ယောသပ်​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ထံ၌ အမှုထမ်း​သောအခါ အသက်​သုံးဆယ်​ရှိ​ပြီ​ဖြစ်​၏​။ ယောသပ်​သည် ဖာရော​မင်းကြီး​ထံ​မှ​ထွက်လာ​၍ အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​လှည့်လည်​ကြည့်ရှု​၏​။


ဒါဝိဒ်​သည် သက်​တော်​သုံးဆယ်​တွင် နန်းတက်​၍ အနှစ်​လေးဆယ် စိုးစံ​လေ​၏​။


အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် လူဦးရေ​စာရင်း​ကောက်ယူ​လော့​။


အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​ထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။


အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။


အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။


အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​၊ ဝန်​များ​ကို​သယ်ဆောင်​ရန်​လာ​ကြ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။


အာဗြဟံ​၏​သား၊ ဒါဝိဒ်​၏​သား​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​စာရင်း​ဟူမူကား


ယာကုပ်​သည် မာရိ​၏​ခင်ပွန်း​ဖြစ်​သူ သား​ယောသပ်​ကို​ရ​၍ ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​သည် ထို​မာရိ​မှ​မွေးဖွား​တော်မူ​၏။


ယေရှဲ​သည် သား​ဒါဝိဒ်​မင်းကြီး​ကို​ရ​၏။ ဒါဝိဒ်​သည် ဥရိယ​၏​မယား​အားဖြင့် သား​ရှောလမုန်​ကို​ရ​၏။


ဤ​သူ​သည် လက်သမား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိခင်​သည် မာရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။


ထို​အချိန်​မှစ၍ ယေရှု​သည်“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု စတင်​ဟောပြော​တော်မူ​၏။


သူ​သည် လက်သမား​မ​ဟုတ်​လော။ မာရိ​၏​သား​ဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒ​နှင့်​ရှိမုန်​တို့​၏​အစ်ကို​မ​ဟုတ်​လော။ သူ​၏​နှမ​များ​သည်​လည်း ငါ​တို့​နှင့်အတူ ဤ​အရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကာ ကိုယ်တော်​အပေါ်​ဘဝင်မကျ​ဖြစ်​ကြ​၏။


မိဘ​တို့​သည် သူ့​ကို​တွေ့​သောအခါ အံ့အားသင့်​၍ မယ်တော်​က “ငါ့​သား၊ အဘယ်ကြောင့် ငါ​တို့​အား ဤသို့​ပြု​ရ​သနည်း။ သင့်​ဖခင်​နှင့်​ငါ​သည် သင့်​ကို​စိုးရိမ်တကြီး​ရှာ​ခဲ့​ရ​၏”​ဟု ဆို​လေ​၏။


ဧလျာကိမ်​သည် မေလေ​၏​သား၊ မေလေ​သည် မဲနန်​၏​သား၊ မဲနန်​သည် မတ္တသ​၏​သား၊ မတ္တသ​သည် နာသန်​၏​သား၊ နာသန်​သည် ဒါဝိဒ်​၏​သား၊


လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးကျူး​ကြ​ပြီး ကိုယ်တော်​၏​တင့်တယ်​သော နှုတ်​ထွက်​စကား​တို့​ကို အံ့သြ​လျက် “ဤ​သူ​သည် ယောသပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။


ဖိလိပ္ပု​သည် နာသနေလ​ကို​တွေ့​လျှင် “မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​လည်းကောင်း၊ ပရောဖက်​တို့​သည်​လည်း သူတို့ကျမ်း​၌​လည်းကောင်း ရေးသား​ဖော်ပြ​ထား​သော​သူ၊ ယောသပ်​၏​သား၊ နာဇရက်​မြို့​မှ​ယေရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။


“ဤ​သူ​သည် ယောသပ်​၏​သား​ယေရှု​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​၏​မိခင်​နှင့်​ဖခင်​ကို​လည်း ငါ​တို့​သိ​ကြ​သည်​မ​ဟုတ်​လော။ ယခု သူ​သည် အဘယ်ကြောင့်‘ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​၏’​ဟု ဆို​ရ​သနည်း”​ဟူ၍ ကိုယ်တော်​အကြောင်း​ကို မကျေမနပ်​ပြောဆို​ကြ​၏။


အို သော်ဖိလု၊ ယေရှု​သည် အမှု​တော်​ဆောင်ရွက်​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို အစပြု​တော်မူ​သည့်​အချိန်​မှစ၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ