Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 3:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 တိဗေရိ​ဆီဇာ​နန်းစံ​တစ်ဆယ့်ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိလတ်​သည် ယုဒ​နယ်​၏​ဘုရင်ခံ၊ ဟေရုဒ်​သည် ဂါလိလဲ​နယ်​၏​နယ်စား၊ ဟေရုဒ်​၏​အစ်ကို​ဖိလိပ္ပု​သည် ဣတုရဲ​နယ်​နှင့်​တရာခေါနိတ်​နယ်​တို့​၏​နယ်စား၊ လုသာနိ​သည် အဘိလင်​နယ်​၏​နယ်စား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဧ​က​ရာဇ်​မင်း​တိ​ဗေ​ရိ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ် မြောက်​သော​အ​ခါ ယု​ဒ​ပြည်​တွင်​ပုန္တိ​ပိ​လတ်​သည် ဘု​ရင်​ခံ​ဖြစ်​၏။ ဂါ​လိ​လဲ​ပြည်​တွင်​ဟေ​ရုဒ်၊ ဣ​တု​ရဲ ပြည်​နှင့်​တ​ရာ​ခေါ​နိတ်​ပြည်​တွင်​ဟေ​ရုဒ်​၏​ညီ ဖိ​လိပ္ပု၊ အ​ဘိ​လင်​ပြည်​တွင်​လု​သာ​နိ​တို့​သည် အ​သီး​သီး​ဘု​ရင်​ခံ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ကဲ​သာ​ဘု​ရင် တိ​ဗေ​ရိ​နန်း​စံ တစ်​ဆယ်​ငါး​နှစ်​တွင်၊ ယု​ဒ​ပြည်၌ ပု​န္တိ​ပိ​လတ်​သည် မြို့​ဝန်​အ​ရာ၊ ဂါ​လိ​လဲ​ပြည်၌ ဟေ​ရုဒ်​သည် စော်​ဘွား​အ​ရာ၊ ဣ​တု​ရဲ​ပြည်​နှင့် တ​ရာ​ခေါ​နိတ်​ပြည်၌ ဟေ​ရုဒ်​ညီ​ဖိ​လိ​ပ္ပု​သည် စော်​ဘွား​အ​ရာ၊ အ​ဘိ​လင်​ပြည်၌ လု​သာ​နိ​သည် စော်​ဘွား​အ​ရာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 3:1
19 ပူးပေါင်းရင်းမြစ်များ  

လူမျိုး​တို့​သည် ရှိလော​ကို​နာခံ​ကြ​လိမ့်မည်​။ သူ​မ​ရောက်လာ​မီ​တိုင်အောင် ရာဇလှံတံ​သည် ယုဒ​ထံမှ ထွက်သွား​မည်​မ​ဟုတ်​၊ ကျိုင်း​သည်​လည်း သူ့​ခြေထောက်​ကြား​မှ​ထွက်သွား​မည်​မ​ဟုတ်​။


ထို​အချိန်​တွင် နယ်စား​ဟေရုဒ်​သည် ယေရှု​၏​သတင်း​တော်​ကို​ကြား​၍


အကြောင်းမူကား ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် ယောဟန်​ကို ဖမ်းဆီး​ချုပ်နှောင်​၍ ထောင်​ထဲ၌​ချ​ထား​ခဲ့​၏။


သို့သော် ဟေရုဒ်​၏​မွေးနေ့​ရောက်လာ​သောအခါ ဟေရောဒိ​၏​သမီး​သည် ဧည့်သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေရုဒ်​ကို နှစ်သက်​စေ​၏။


သို့ဖြစ်၍ ဆရာ​မည်သို့​ထင်မြင်​ကြောင်း အကျွန်ုပ်​တို့​အား ပြောပြ​ပါ။ ဆီဇာ​ဧကရာဇ်​ကို အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေးလျှောက်​စေ​ကြ​၏။


ထို့နောက် ကိုယ်တော်​ကို​ချည်နှောင်​လျက် ခေါ်ဆောင်​သွား​ကာ ဘုရင်ခံ​ပိလတ်​မင်း​ထံ အပ်နှံ​ကြ​၏။


ထိုသို့​ဆို​သည့်​အကြောင်းမှာ ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်တိုင်​လူ​လွှတ်​၍ ယောဟန်​ကို​ဖမ်းဆီး​ကာ ထောင်​ထဲ၌ ချုပ်နှောင်​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ဟေရုဒ်​သည် ထို​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သဖြင့်


သို့သော် အခွင့်ကောင်း​ရောက်လာ​လေ​၏။ ဟေရုဒ်​သည် မိမိ​၏​မွေးနေ့​၌ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ​နှင့် ဂါလိလဲ​နယ်​၏​ခေါင်းဆောင်​များ​အတွက် ညစာ​စားပွဲ​ကျင်းပ​သောအခါ


ထို​အချိန်​၌ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ဟေရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်၍ ဤ​အရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။


ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။


ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​၏​တောင်းဆို​ချက်​အတိုင်း​လုပ်​ပေး​ရန် စီရင်​ဆုံးဖြတ်​၍


သို့ရာတွင် နယ်စား​ဟေရုဒ်​သည် မိမိ​အစ်ကို​၏​ဇနီး ဟေရောဒိ​နှင့်​ပတ်သက်၍​လည်းကောင်း၊ မိမိ​ကျူးလွန်​ခဲ့​သော မကောင်းမှု​အလုံးစုံ​တို့​နှင့်​ပတ်သက်၍​လည်းကောင်း ယောဟန်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ


နယ်စား​ဟေရုဒ်​သည် ဖြစ်ပျက်​နေ​သော​အရာ​အားလုံး​ကို​ကြား​ရ​သောအခါ ဝေခွဲမရ​ဖြစ်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် လူ​အချို့​တို့​က “ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ”​ဟူ၍​လည်းကောင်း၊


“ကလောဒိ​လုသိ​သည် မြတ်​သော​ဘုရင်ခံ​ဖေလဇ်​မင်း​ကို နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​သည်။


နှစ်​နှစ်​ကြာ​ပြီးနောက် ပေါကိ​ဖေတ္တု​မင်း​သည် ဖေလဇ်​မင်း​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏။ ဖေလဇ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား ကျေးဇူးပြု​လို​၍ ပေါလု​ကို​အကျဉ်းချ​ထားရစ်​ခဲ့​လေ​၏။


ထိုအခါ မင်းကြီး​နှင့်​ဘုရင်ခံ​တို့​သည်​ထ​ပြီး မိဖုရား​ဗေရနိတ်​မှစ၍ သူ​တို့​နှင့်အတူ​ထိုင်​နေ​သော​သူ​တို့​သည်​လည်း ထ​ကြ​၏။


အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ