Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 23:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ဗာရဗ္ဗ​သည် မြို့​ထဲတွင်​ဖြစ်​ခဲ့​သည့် ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​ကြောင့် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 (ဗာ​ရဗ္ဗ​ကား​မြို့​ထဲ​တွင်​ပုန်​ကန်​ထ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​ဖြင့်​ထောင်​ကျ​ခံ​နေ​ရ​သူ​ဖြစ်​၏။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 ထို​ဗာ​ရ​ဗ္ဗ​ကား၊ မြို့၌ ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ၌ လှောင်​ထား​သော​သူ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 23:19
7 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင် ဆူပူ​အုံကြွ​မှု​ဖြစ်စဉ်​က လူသတ်မှု​ကျူးလွန်​သဖြင့် ဆူပူ​အုံကြွ​သူ​များ​နှင့်အတူ​အကျဉ်းချ​ခံရ​သည့် ဗာရဗ္ဗ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ရှိ​၏။


သို့သော် သူ​တို့​က “ထို​သူ​ကို​သုတ်သင်​လိုက်​ပါ။ အကျွန်ုပ်​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု တစ်ပြိုင်တည်း​အော်ဟစ်​ကြ​၏။


“ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။


ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​လို​၍ လူ​တို့​အား နောက်တစ်ဖန်​မိန့်ကြား​လေ​၏။


သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။


သို့ဖြစ်လျှင် သင်​သည် ဤ​နေ့​များ​မတိုင်မီ​က ပုန်ကန်​ထကြွ​လျက် အကြမ်းဖက်သမား​လေးထောင်​ကို တော​ကန္တာရ​ထဲသို့ ခေါ်ဆောင်​သွား​သည့် အီဂျစ်​အမျိုးသား​မ​ဟုတ်​လော”​ဟု မေး​လေ​၏။


သင်​တို့​သည် သန့်ရှင်း​၍​ဖြောင့်မတ်​သော​အရှင်​ကို​ငြင်းပယ်​ပြီး သင်​တို့​အတွက် လူသတ်သမား​ကို​လွှတ်​ပေး​ရန် တောင်းဆို​ကြ​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ