Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 23:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဟေ​ရုဒ်​မင်း​နှင့်​သူ​၏​စစ်​သား​များ​သည်​ကိုယ် တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​ပြောင်​လှောင် ကြ​၏။ ထို​နောက်​တင့်​တယ်​သော​ဝတ်​လုံ​ကို ဝတ်​ပေး​ပြီး​လျှင် ကိုယ်​တော်​အား​ပိ​လတ် မင်း​ထံ​ပြန်​ပို့​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 23:11
16 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​မူကား လူ​မ​ဟုတ်​၊ ပိုးကောင်​မျှသာ​ဖြစ်​ပါ​၏​။ လူ​တို့​ကဲ့ရဲ့ပြစ်တင်စရာ​နှင့် လူ​အများ​မထီမဲ့မြင်ပြုစရာ​ဖြစ်​ပါ​၏​။


အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​၊ ထို​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​က လူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ခံရ​သော​၊ လူမျိုးတကာ​တို့​၏​စက်ဆုပ်ရွံရှာ​ခြင်း​ခံရ​သော​၊ အုပ်စိုး​သော​မင်း​တို့​ထံ၌​ကျွန်ခံရ​သော​သူ​အား “​သင့်​ကို​ရွေးချယ်​တော်မူ​၍ သစ္စာရှိ​တော်မူ​သော အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ထာဝရဘုရား​ကို ရှင်ဘုရင်​တို့​သည် မြင်​၍ အကြီးအကဲ​တို့​မတ်တတ်ရပ်​ကြ​ပြီး သူ​တို့​အတူတကွ ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။


ထို​အချိန်​တွင် နယ်စား​ဟေရုဒ်​သည် ယေရှု​၏​သတင်း​တော်​ကို​ကြား​၍


အကြောင်းမူကား ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် ယောဟန်​ကို ဖမ်းဆီး​ချုပ်နှောင်​၍ ထောင်​ထဲ၌​ချ​ထား​ခဲ့​၏။


သို့သော် ဟေရုဒ်​၏​မွေးနေ့​ရောက်လာ​သောအခါ ဟေရောဒိ​၏​သမီး​သည် ဧည့်သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေရုဒ်​ကို နှစ်သက်​စေ​၏။


ကိုယ်တော်​က​လည်း“ဧလိယ​သည် ဦးစွာ​လာ​၍ အရာ​ခပ်သိမ်း​တို့​ကို ပြန်လည်​ထူထောင်​မည်​မှန်​၏။ သို့ရာတွင် လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး ပစ်ပယ်​ခြင်း​ကို​ခံရ​မည်​ဟု ရေး​ထား​သည်​မှာ မည်သို့နည်း။


ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထ​၍ ကိုယ်တော်​ကို​ပြင်းထန်​စွာ​စွပ်စွဲ​ကြ​၏။


ထိုအခါ ယေရှု​သည် ဆူး​သရဖူ​နှင့်​ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​လျက် အပြင်​သို့​ထွက်လာ​၏။ ပိလတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။


သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ ရွှေ​လက်စွပ်​နှင့်​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်ပြတ်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် ဆင်းရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သောအခါ


သင်​တို့​သည် တင့်တယ်​သော​အဝတ်​ဝတ်ဆင်​ထား​သော​သူ​ကို ဂရုစိုက်​လျက် “သင်​သည် ဤ​နေရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်းရဲ​သော​သူ​ကို​မူကား “သင်​သည် ထို​နေရာ​တွင်​ရပ်​နေ​ပါ၊ သို့မဟုတ် ငါ​၏​ခြေရင်း​ကြမ်းပြင်​ပေါ်၌ ထိုင်​ပါ”​ဟု ဆို​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ