Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 23:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထ​၍ ကိုယ်တော်​ကို​ပြင်းထန်​စွာ​စွပ်စွဲ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ရှေ့​သို့​လာ​၍ ကိုယ်​တော်​အား​အ​ပြင်း အ​ထန်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထ၍ ပြင်း​ထန်​စွာ အ​ပြစ်​တင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 23:10
8 ပူးပေါင်းရင်းမြစ်များ  

သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​၏​စွပ်စွဲ​ခြင်း​ကို​ခံရ​သောအခါ ကိုယ်တော်​သည် တစ်စုံတစ်ခု​ကို​မျှ ပြန်​၍​ဖြေ​တော်​မ​မူ။


ထို​နေရာ​မှ ကိုယ်တော်​ထွက်ကြွ​တော်မူ​သောအခါ ကျမ်းပြု​ဆရာ​များ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​အပေါ် ကြီးစွာ​ရန်ငြိုး​ထား​လျက် အကြောင်းအရာ​အမျိုးမျိုး​တို့​ကို တရစပ်​မေးမြန်း​ကာ


ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။


“ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။


သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။


သို့ဖြစ်၍ သူ​သည် ကိုယ်တော်​ကို​မေးခွန်း​များစွာ​မေး​လေ​၏။ သို့သော် ကိုယ်တော်​သည် မည်သည့်​အရာ​ကို​မျှ ဖြေကြား​တော်​မ​မူ​ခဲ့​ချေ။


ပြဿနာ​ကို​သာ​ဖန်တီး​လေ့​ရှိ​သော​ဤ​သူ​သည် ကမ္ဘာ​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​၌ ဆူပူ​အုံကြွ​မှု​များ​ဖြစ်ပေါ်​အောင် လှုံ့ဆော်​နေ​သူ​ဖြစ်​ပြီး နာဇရက်​ဂိုဏ်းကွဲ​၏​ခေါင်းဆောင်​တစ်​ဦး​လည်း​ဖြစ်ကြောင်း တွေ့ရှိ​ရ​ပါ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ