Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 22:52 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

52 ထို့နောက် ယေရှု​သည် မိမိ​ကို​ဖမ်းဆီး​ရန်​ရောက်လာ​ကြ​သော ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​နှင့် သက်ကြီးဝါကြီး​များ​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် လာ​ကြ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

52 ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဓား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဓား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

52 ထို​အ​ခါ အ​ထံ​တော်​သို့​ရောက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဗိ​မာန်​တော်​မှူး၊ လူ​အ​ကြီး​အ​ကဲ​တို့​အား ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 22:52
10 ပူးပေါင်းရင်းမြစ်များ  

ယဇ်ပုရောဟိတ်​ယောယဒ​က စစ်သည်​တို့​ကို အုပ်ချုပ်​ရ​သော​ရာတပ်မှူး​များ​အား “​သူ့​ကို စောင့်ကြပ်​ထား​သော​နေရာ​မှ ဆွဲထုတ်​လိုက်​ပြီး သူ့​နောက်လိုက်​တို့​ကို​လည်း ဓား​နှင့်​ကွပ်မျက်​လိုက်​ကြ​”​ဟု အမိန့်ပေး​လိုက်​၏​။ ယဇ်ပုရောဟိတ်​က “​သူ့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် မ​သတ်​ကြ​နှင့်​”​ဟု မှာထား​သဖြင့်


ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​က စေလွှတ်​လိုက်​သည့် များစွာ​သော​လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။


ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။


သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏’ဟု ရေး​ထား​သော​အရာ​သည် ငါ​၌​ပြည့်စုံ​ရ​မည်။ အမှန်စင်စစ် ငါ​နှင့်​ပတ်သက်​သော​အရာ​သည် ဆုံးခန်း​သို့​ရောက်​နေ​ပြီ”​ဟု မိန့်​တော်မူ​၏။


သူ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​ထံသို့​သွား​၍ ကိုယ်တော်​ကို သူ​တို့​လက်​သို့ မည်ကဲ့သို့​အပ်နှံ​ရ​မည်နည်း​ဟု သူ​တို့​နှင့်အတူ​တိုင်ပင်​လေ​၏။


ထိုအခါ ယေရှု​က“ဤမျှနှင့်​ရပ်​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် ထို​သူ​၏​နားရွက်​ကို လက်​တော်​နှင့်​တို့ထိ​လျက် အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။


ငါ​သည် နေ့​တိုင်း သင်​တို့​နှင့်အတူ​ဗိမာန်​တော်​၌​ရှိ​စဉ် သင်​တို့​သည်ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသည်ကား သင်​တို့​၏​အချိန်​ဖြစ်​ပြီး မှောင်မိုက်​ခြင်း​၏​အခွင့်​အာဏာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


အကျွန်ုပ်​သည် သူ​တို့​နှင့်အတူ​ရှိ​စဉ်​တွင်အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော ကိုယ်တော်​၏​နာမ​တော်​၌ သူ​တို့​ကို​ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​ပါ​၏။ သူ​တို့​တွင် ပျက်စီး​ခြင်း​၏​သား​မှတစ်ပါး မည်သူ​မျှ​မ​ပျက်စီး​ခဲ့​ပါ။ ထို​သူ​ပျက်စီး​ခဲ့​ရ​ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​စေရန်​ဖြစ်​၏။


ထိုအခါ ဗိမာန်​တော်​အစောင့်​တပ်မှူး​သည် အစောင့်​တပ်သား​များ​နှင့်အတူ​သွား​၍ တမန်တော်​တို့​ကို​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် လူ​တို့​သည် မိမိ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​ကို​စိုးရိမ်​သဖြင့် အနိုင်အထက်​မ​ပြု​ဘဲ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ