Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 22:38 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

38 ထိုအခါ သူ​တို့​က “သခင်၊ ဤ​မှာ​ဓား​နှစ်​လက်​ရှိ​ပါ​၏”​ဟု လျှောက်​ကြ​လျှင် ကိုယ်တော်​က“လုံလောက်​ပြီ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

38 တ​ပည့်​တော်​တို့​က ``အ​ရှင်၊ ကြည့်​တော်​မူ​ပါ။ ဤ မှာ​ဓား​နှစ်​လက်​ရှိ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``တော်​လောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

38 ထို​သူ​တို့​က​လည်း၊ သ​ခင်၊ ဓား​နှစ်​စင်း​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊ တန်​ပြီ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 22:38
9 ပူးပေါင်းရင်းမြစ်များ  

ထိုစဉ် ယေရှု​နှင့်အတူ​ရှိ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိမိ​၏​ဓား​ကို​ဆွဲထုတ်​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။


ကိုယ်တော်​က​လည်း“ယခု​မူကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူသွား​စေ။ ထိုနည်းတူ လွယ်အိတ်​ကို​လည်း ယူသွား​စေ။ ဓား​မ​ရှိ​သော​သူ​သည် မိမိ​အဝတ်​ကို​ရောင်း​၍ ဓား​ကို​ဝယ်​စေ။


ကိုယ်တော်​၏​အနီး​၌​ရှိ​သော​သူ​တို့​သည် ဖြစ်လာ​မည့်​အရာ​ကို​သိမြင်​၍ “သခင်​ဘုရား၊ အကျွန်ုပ်​တို့ ဓား​နှင့်​ခုတ်​ရ​မည်​လော”​ဟု မေးလျှောက်​ကြ​ပြီးလျှင်


ယေရှု​က“ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​မ​စပ်ဆိုင်။ ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူမျိုးတို့​လက်​သို့ အပ်နှံ​ခြင်း​မ​ခံရ​ရန် ငါ့​လူ​တို့​သည် တိုက်ခိုက်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် ယခုတွင် ငါ့​နိုင်ငံ​သည် ဤ​နေရာ​မှ​ဖြစ်တည်​သည်​မဟုတ်”​ဟု မိန့်​တော်မူ​၏။


ငါ​တို့​မူကား နေ့​နှင့်စပ်ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်အုပ်​တန်ဆာ​အဖြစ်​ဝတ်ဆင်​လျက် ကယ်တင်​ခြင်း​၌​မျှော်လင့်​ခြင်း​ကို သံခမောက်​အဖြစ်​ဆောင်း​ကာ သမ္မာသတိ​ရှိ​ကြ​ကုန်စို့။


ယုံကြည်​ခြင်း​၌ ခိုင်ခံ့​စွာ​ရပ်တည်​လျက် ထို​မာရ်နတ်​ကို တားဆီး​ကြ​လော့။ ကမ္ဘာ​ပေါ်၌​ရှိ​သော သင်​တို့​၏​ညီအစ်ကို​များ​သည်​လည်း ထိုကဲ့သို့သော​ဒုက္ခ​ဝေဒနာ​များ​ကို ရင်ဆိုင်​ဖြတ်သန်း​နေ​ရ​ကြောင်း သိမှတ်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ