Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 22:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို သုံးဆောင်​ရ​မည့်​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ၍ ပြော​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို​စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 22:11
9 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ယောက်​က သင်​တို့​အား တစ်စုံတစ်ခု​ပြော​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့။ ထိုသို့​ပြော​လျှင် ၎င်း​တို့​ကို ချက်ချင်း​ပို့​ပေး​လိမ့်မည်”​ဟူ၍ မိန့်​တော်မူ​၏။


သူ​ဝင်​သွား​သော​အိမ်​၏​အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို​စား​မည့် ငါ့​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု မေး​လိုက်​ပါ​၏’​ဟူ၍ ပြော​ကြ​လော့။


တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့်​ကြိုး​ဖြေ​ကြ​သနည်း’​ဟု သင်​တို့​ကို မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။


သူ​တို့​က​လည်း “သခင်​ဘုရား​အလို​ရှိ​သည်”​ဟု ဖြေ​ကြ​၏။


ယေရှု​သည် ထို​နေရာ​သို့​ရောက်​သောအခါ မော့ကြည့်​လျက်“ဇက္ခဲ၊ သင့်​အိမ်​တွင် ယနေ့ ငါ​တည်းခို​ရ​မည်​ဖြစ်၍ အမြန်​ဆင်း​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​က“သင်​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြိုဆို​လိမ့်မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲသို့ လိုက်​သွား​ပြီးလျှင်


ထို​သူ​သည် ခင်းကျင်း​ထား​သော အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား​ပြ​လိမ့်မည်။ ထို​နေရာ​၌ ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။


ကြည့်ရှု​လော့။ ငါ​သည် တံခါး​ရှေ့မှာ​ရပ်​၍ ခေါက်​လျက်​နေ​၏။ မည်သူ​မဆို ငါ့​အသံ​ကို​ကြား​၍ တံခါး​ကို​ဖွင့်​လျှင် ထို​သူ​ရှိ​ရာ​သို့ ငါ​ဝင်​ပြီး သူ​နှင့်အတူ​စားသောက်​မည်။ သူ​သည်​လည်း ငါ​နှင့်အတူ​စားသောက်​ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ