ရှင်လုကာခရစ်ဝင် 21:26 - မြန်မာ့စံမီသမ္မာကျမ်26 အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြမည်ဖြစ်၍ လူတို့သည် ကမ္ဘာပေါ်တွင်သက်ရောက်လာမည့်အရာများကို ကြိုတွေးလျက် ကြောက်ရွံ့သဖြင့် သတိလစ်မေ့မြောကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version26 လူတို့သည်ကမ္ဘာပေါ်တွင်ဆိုက်ရောက်လတ္တံ့သော ဘေးများကိုမြော်မြင်၍ကြောက်လန့်ကာမူး မော်လိမ့်မည်။ ကောင်းကင်နက္ခတ်တာရာတို့သည် တုန်လှုပ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version26 မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သော ဘေးများကိုမျှော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။