Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 20:41 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

41 ထို့နောက် ကိုယ်တော်​က“ခရစ်တော်​သည် ဒါဝိဒ်​၏​သား​ဖြစ်​သည်​ဟု မည်သို့​ပြောဆို​နိုင်​ကြ​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

41 ကိုယ်​တော်​သည်​ထို​သူ​တို့​အား ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

41 ယေ​ရှု​က​လည်း၊ ခ​ရစ်​တော်​သည် ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 20:41
14 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​အစေအပါး​ဒါဝိဒ်​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ပျက်​ပြီး သူ​၏​ရာဇပလ္လင်​ပေါ် စိုးစံ​သော​မင်းမျိုး​ပြတ်​မည်​။ ငါ့​အမှု​ကို​ထမ်းဆောင်​သော​လေဝိ​အမျိုး ယဇ်ပုရောဟိတ်​တို့​နှင့်​ဖွဲ့​သော​ပဋိညာဉ်​လည်း ပျက်​မည်​။


အာဗြဟံ​၏​သား၊ ဒါဝိဒ်​၏​သား​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​စာရင်း​ဟူမူကား


ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။


ခရစ်တော်​သည် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​လည်းကောင်း၊ ဒါဝိဒ်​နေ​ခဲ့​ရာ​ဗက်လင်​ရွာ​မှ​လည်းကောင်း ပေါ်ထွန်း​မည်​ဟူ၍ ကျမ်းစာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။


သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်​သောကြောင့် သူ့​သား​မြေး​ထဲမှ တစ်​ဦး​ကို သူ​၏​ပလ္လင်​ပေါ်တွင်​ထိုင်​စေ​မည်​ဟု ဘုရားသခင်​သည် သူ့​အား​ကတိ​သစ္စာ​ဖြင့်​တိုင်တည်​၍ မိန့်​တော်မူ​ကြောင်း​သိ​ထား​၏။


ငါ​ယေရှု​သည် အသင်းတော်​များ​အတွက် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား​သက်သေခံ​ရန် ငါ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​လိုက်​၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်​နှင့်​အမျိုးအနွယ်​ဖြစ်​ပြီး တောက်ပ​သော​မိုးသောက်​ကြယ်​ဖြစ်​၏။”


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ