Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 20:24 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 “ငါ့​ကို ဒေနာရိ​တစ်​ပြား​ပြ​ကြ​လော့။ ၎င်း​တွင် မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ပါ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့် ကမ္ပည်းစာ​ပါ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 ``ဒင်္ဂါး​တစ်​ပြား​ကို​ငါ့​အား​ပြ​ကြ​လော့။ ဤ ဒင်္ဂါး​တွင်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ ပါ​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ကဲ​သာ​ဘု​ရင်​၏​ပုံ၊ ကဲ​သာ​ဘု​ရင် ၏​ကမ္ပည်း​လိပ်​စာ​ပါ​ရှိ​ပါ​သည်'' ဟု​ပြန်​၍ လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 ဒေ​နာ​ရိ တစ်​ပြား​ကို​ပြ​ပါ။ အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ပါ​ပါ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ပါ​ပါ​သည်​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 20:24
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​အစေအပါး​သည် ထွက်သွား​၍ သူ့​ထံ၌ ဒေနာရိ တစ်ရာ​အကြွေး​တင်​သော အစေအပါး​ချင်း​တစ်​ဦး​ကို​တွေ့​လျှင် သူ့​ကို​ဖမ်း​၍ လည်ပင်း​ညှစ်​လျက် ‘သင်​ယူထား​သော အကြွေး​ကို ပြန်​ဆပ်​လော့’​ဟု ဆို​၏။


သူ​သည် တစ်​နေ့​လျှင် ဒေနာရိတစ်​ပြား​နှုန်း​ဖြင့် အလုပ်သမား​များ​နှင့်​သဘောတူ​လျက် သူ​တို့​ကို မိမိ​၏​စပျစ်ခြံ​သို့ စေလွှတ်​လေ​၏။


ကိုယ်တော်​က​လည်း“ဤသည်ကား မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ဖြစ်​သနည်း”​ဟု မေး​တော်မူ​လျှင်


သူ​တို့​ယူလာ​ကြ​သောအခါ ကိုယ်တော်​က“ဤသည်ကား မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ဖြစ်​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့်​ကမ္ပည်းစာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။


ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။


ဆီဇာ​ဧကရာဇ်​ကို အကျွန်ုပ်​တို့​အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။


သို့သော် ကိုယ်တော်​သည် သူ​တို့​၏​ပရိယာယ်​ကို​သိ​တော်မူ​၍


ကိုယ်တော်​က​လည်း“ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


“ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။


တိဗေရိ​ဆီဇာ​နန်းစံ​တစ်ဆယ့်ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိလတ်​သည် ယုဒ​နယ်​၏​ဘုရင်ခံ၊ ဟေရုဒ်​သည် ဂါလိလဲ​နယ်​၏​နယ်စား၊ ဟေရုဒ်​၏​အစ်ကို​ဖိလိပ္ပု​သည် ဣတုရဲ​နယ်​နှင့်​တရာခေါနိတ်​နယ်​တို့​၏​နယ်စား၊ လုသာနိ​သည် အဘိလင်​နယ်​၏​နယ်စား၊


ထို​သူ​တို့​အထဲမှ အာဂဗု​အမည်​ရှိ​သူ​တစ်​ဦး​သည် ထ​၍ ကမ္ဘာ​တစ်ဝန်းလုံး​၌ ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး ကျရောက်​တော့မည်​ဟု ဝိညာဉ်​တော်​အားဖြင့် ကြိုတင်​ဟောပြော​၏။ ထို​ဘေး​သည် ကလောဒိ​မင်း​၏​လက်ထက်​တွင် ဖြစ်ပေါ်​ခဲ့​၏။


အဂြိပ္ပ​မင်းကြီး​က​လည်း ဖေတ္တု​မင်း​အား “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံ​မ​ဝင်​ခဲ့​လျှင် သူ့​ကို​လွှတ်ပေး​နိုင်​သည်”​ဟု ဆို​လေ​၏။


သန့်ရှင်း​သူ​အားလုံး အထူးသဖြင့် ဆီဇာ​ဧကရာဇ်​၏​နန်းတော်​၌​ရှိ​သော​သူ​တို့​က သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ